လက်ရှိ ဘဏ်စနစ်အကျပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြော

 လက်ရှိ ဘဏ်စနစ်အကျပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြော

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်နေတဲ့ ဘဏ်စနစ် ဝန်ဆောင်မှုသုံးသူတွေ ကြုံနေရတဲ့အကျပ်အတည်းအတွင်း ဘဏ်တချို့နဲ့ ဘဏ်ဝန်ထမ်းတွေ မရိုးသား တာကိုတွေ့မြင်ရတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောလာပါတယ်။

နေပြည်တော်မှာ ဒီနေ့ မေလ ၁၅ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းသော်က အခုလိုပြောသွားတာပါ။

''ဇွန်လမှာ ဘဏ်စနစ်ပုံမှန်ဖြစ်ပြီး ပြည်သူတွေ အဆင်ပြေသွားမယ်။ ဘဏ်တွေတချို့လည်းမရိုးသားပါဘူး။ ဘဏ်ဝန်ထမ်းတွေလည်းမရိုးသားပါဘူး ။ ဒီမရိုးသားမှုတွေအပေါ်မှာ အခြေခံပြီး ပြည်သူလူထုက နိုင်ငံတော်အစိုးရကိုအပြစ်တင်ပါတယ်။ လက်ရှိ ဒီဖြစ်စဉ်တွေကို အဖွဲ့ဖွဲ့စစ်ဆေးနေတယ်။ မသာမာမှုတွေ wave money(ငွေကြေးလွှဲပြောင်းတဲ့ဝန်ဆောင်မှု)ကနေ ရာခိုင်နှုန်း ယူတဲ့သူတွေ အရေးယူမယ်။ ချက်ချင်းအရေးမယူသေးပါဘူး နားလည်မှုနဲ့ ဆောင်ရွက်တာကိုပဲလိုချင်ပါတယ်။''လို့ ဦးဝင်းသော်က ပြောပါတယ်။

ဒ့ါပြင် ဗဟိုဘဏ်က သတ်မှတ်လိုက်တဲ့ ဘဏ်ငွေစာရင်းအကောင့်အသစ်ဖွင့်နိုင်တယ်ဆိုတဲ့ စနစ်အရ ဘဏ်တွေမှာ ငွေသားအပ်မှုဟာ ဘီလျံနဲ့ချီရှိတာကို ကြည့်ရင် ပြည်သူလူထုဘက်က ပူးပေါင်းလာတာကို မြင်တွေ့ရတာကြောင့် မကြာခင်ကာလမှ ကန့်သတ်ချက်တွေ ဖြေလျှော့ဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

လက်ရှိ ဘဏ်စနစ်အကျပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြော  လက်ရှိ ဘဏ်စနစ်အကျပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြော Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.