ကလေးမြို့ အ.ထ.က (၆) ကျောင်းနံရံထောင့် ဗုံး​ပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်များ ပစ်ဖောက်



စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်​​ေဇယျရပ်ကွက် အ.ထ.က(၆) ကျောင်းနံရံအနီးတွင် ယနေ့ မေလ ၂၄ ရက် နံနက် ၉ နာရီ ခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ​စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာရရှိသည်ဟု ရပ်ကွက်နေပြည်သူများထံမှကြားသိရပါသည်။လက်ရှိအချိန်တွင် ကျောင်းအနီး စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း သိရပါသည်။

ဗုံးပေါက်ကွဲသည့် အ.ထ.က (၆) ကျောင်းတွင် Non- CDM အယောက်သုံးဆယ်ရှိပြီး Non - CDM အများဆုံးကျောင်းဟု လူသိများသည့် ကျောင်းလည်းဖြစ်သည်။


Chin World 

https://www.facebook.com/Chin-World-167011980026853/

ကလေးမြို့ အ.ထ.က (၆) ကျောင်းနံရံထောင့် ဗုံး​ပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်များ ပစ်ဖောက် ကလေးမြို့ အ.ထ.က (၆) ကျောင်းနံရံထောင့် ဗုံး​ပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့မှ  သေနတ်များ ပစ်ဖောက် Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.