ဒီးမော့ဆို မှာ တင့်ကားတွေရောက်လာပြီး ပစ်ခတ်နေ

ဒီးမော့ဆို လမ်းမကြီးပေါ်က စစ်တင့်ကားတစ်စီး

ကယားပြည်နယ်လွိုင်ကော် ဒီးမော့ဆို လမ်းမကြီးပေါ်ရှိ ၆ မိုင်ကျေးရွာ အနီးမှာ ကယားပြည်နယ်ဒေသ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့ မေလ ၂၃ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ တစ်ဆင့် သတင်းရရှိပါတယ်။

ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဟာ၂နာရီ နီးပါး ကြာမြင့်ခဲ့ပြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က၂၆ ဦးကျော် သေဆုံးတယ်လို့ ကနဦး သိရှိရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို ညပိုင်းသတင်းမှာ ထုတ်ပြန်ရင် ဖြည့်စွက်ဖော်ပြပေးသွားပါမယ်။

ဒီးမော့ဆိုမြို့ကောင်းကင်မှာ စစ်ရဟတ်ယာဥ်တွေဝဲနေပြီးတော့ တင့်ကားတွေရောက်လာပြီးမြေပြင်မှာ ပစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြို့ အနီးမှာ လည်း ပစ်ခတ်သံတွေကြားနေရပြီးတော့ ထိခိုက်သေဆုံးမှုရှိတာကိုလည်းတွေ့ရတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာစစ်ကောင်စီ ဘက်က တင့်ကားတွေအပြင် စစ်အင်အား အလုံးအရင်းနဲ့ စစ်ကူတွေလာရောက်နေကြောင်းလည်း သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ဒီးမော့ဆို မှာ တင့်ကားတွေရောက်လာပြီး ပစ်ခတ်နေ  ဒီးမော့ဆို မှာ တင့်ကားတွေရောက်လာပြီး ပစ်ခတ်နေ Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.