ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်‌မူ တစ်သိန်းကို ရှစ်ထောင်အထိစျေးတက်


ဘဏ်တွေကနေ ငွေသားထုတ်ယူဖို့ ခက်ခဲလာတဲ့ အချိန်မှာ လိုအပ်တဲ့ ငွေသားပမာဏကို ရာခိုင်နှုန်းပေးပြီး လဲလှယ်ရတဲ့ တရားမဝင် ဈေးကွက်ကြီးက ပိုပြီးအားကောင်းလာပါတယ်။

ဒီကနေ့ မေလ ၁၀ ရက်နေ့ဆိုရင် အဲဒီဈေးကွက်မှာ လဲလှယ်ခက ၈ ရာခိုင်နှုန်း အထိဖြစ်လာပါတယ်။

သဘောကတော့ ဘဏ်စာရင်းကနေ ငွေကျပ် တစ်သိန်းလဲရင် လဲလှယ်ခ ကျပ်၈၀၀၀ပေးရတာဖြစ်ပါတယ်။

လူတွေ အနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ သူတို့ အပ်နှံထားတဲ့ငွေတွေကို ပြန်ထုတ်ဖို့ခက်လာတဲ့ အချိန်မှာ ပြင်ပဈေးကွက်မှာ ရာခိုင်နှုန်း နဲ့ ငွေသားလဲလှယ်လာကြပါတယ်။

လဲလှယ်မှုပုံစံကတော့ လဲလှယ်လိုတဲ့ ငွေပမာဏကို ငွေသားပေးမယ့်သူဆီကို ကိုယ်ပိုင်ဘဏ်စာရင်းကနေ မိုဘိုင်းဘဏ်ကင်း ကတစ်ဆင့် လွှဲပေးပြီး ငွေသားပမာဏကို ရာခိုင်နှုန်း နဲ့ပေးပြီး လဲကြတာပါ။

အဲဒီ ဈေးကွက် စတင်ကာခါစအချိန်ကတော့ ကျပ် ၁၀၀ ကို ၄ ရာခိုင်နှုန်းပါ။ ဒါပေမဲ့ ‌လူတွေကြား မှာ ငွေသားရှားပါးမှုပြသာနာကြီးလာတဲ့ အချိန်မှာတော့ ဒီနေ့ဆို ကျပ် ၁၀၀ ကို ၈ ရာခိုင်နှုန်း အထိဖြစ်လာပါတယ်။

ဗဟိုဘဏ်ကတော့ ဒါဟာတရားမဝင်ဈေးကွက်ဖြစ်လို့ ဥပဒေအရအရေးယူနိူင်တယ်လို့ ကြေညာထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်‌မူ တစ်သိန်းကို ရှစ်ထောင်အထိစျေးတက် ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်‌မူ တစ်သိန်းကို ရှစ်ထောင်အထိစျေးတက် Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.