အောင်ဘာလေထီဖွင့်ပွဲအား တစ်လ ၁ ကြိမ်ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဆုမဲ ဖွင့်စနစ် ပြောင်းလဲ


မေ ၁၂၊၂၀၂၁

အောင်ဘာလေ သိန်းဆုဌာနခွဲသည် ထီလုပ်ငန်းဖြင့် အသက်မွေးကြောင်းပြုသူ လက်ပွေ့/ တွန်းလှည်း ထီးရောင်းချသူများ စီးပွားရေးအခက်အခဲ မဖြစ်ပေါ်စေရန်  ၂၆ ကြိမ်မြောက်မှ စတင်ပြီး ထီဖွင့်ရက်ကို စတင်ပြောင်းလဲခဲ့ကြောင်း၊ ၂၇ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို မေလ ၁ ရက်နေ့အစား ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၈ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို  ဇွန်လ ၁ ရက်နေ့အစား ဇူလိုင်လ ၁ ရက်နေ့ တွင်လည်းကောင်း အသီးသီး ပြောင်းလဲ ဖွင့်လှစ်မည်ဟု ကြေညာချက်ထုတ်ပြန်သည်။ 

စစ်ကောင်စီ၏ အောင်ဘာလေထီ ထိုးမည့်သူမရှိ၍ ယခင် သိန်း ၁၅၀၀၀ ဆုချီးမြှင့်ရာမှ ယခုအခါ အမြင့်ဆုံးဆု သိန်း ၅၀၀၀ သာ ချီးမြှင့်နိုင်တော့ကြောင်းသိရသည်။


Zeyar Time

https://www.facebook.com/Zeyar-Time-755499004652013/

အောင်ဘာလေထီဖွင့်ပွဲအား တစ်လ ၁ ကြိမ်ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဆုမဲ ဖွင့်စနစ် ပြောင်းလဲ အောင်ဘာလေထီဖွင့်ပွဲအား တစ်လ ၁ ကြိမ်ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဆုမဲ ဖွင့်စနစ် ပြောင်းလဲ Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.