ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု အကြား လတ်တလော တိုက်ပွဲဖြစ်ပွားမှုများ


၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက် 

မူတရော်ခရိုင်၊ တပ်မဟာ(၅) အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု တို့ အကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေပါသည်။ ထို့အတူ အကြမ်းဖက် စစ်အုပ်စု မှလည်း ကျေးရွားအနီးအနားသို့ လည်းကောင်း၊ ဒေသခံများ ၏ လုပ်ငန်းခွင်များ သို့ လည်းကောင်း လက်နက်ကြီးများ ကို နေ့စဉ် လိုလို ပစ်ခတ် နေပါသည်။ 

၂၀၂၁ ခုနှစ်၊ မေလ (၅)ရက် နေ့မှ စတင်၍ (၂၆)ရက် နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု တို့ အကြား တိုက်ပွဲဖြစ်ပွားမှု (၁၉၃) ကြိမ် ရှိခဲ့ပါသည်။ ထိုတိုက်ပွဲ များ ကြောင့် အကြမ်းဖက်စစ်အုပ်စု ဘက်မှ (၁၂၈) ဦး ကျဆုံးပြီး၊ ဒဏ်ရာရသူ (၁၈၀) ဦး နှင့် ရိက္ခာသယ်ဆောင်သော မြင်း (၁၂) သေဆုံး ပြီး ကား (၉) စီး ပျက်စီးသွားခဲ့ပါသည်။ ထိုအထဲတွင် တပ်ကြပ်ကြီး (၁) ဦး၊ ဗိုလ် (၁) ဦး၊ ဗိုလ်ကြီး (၁) ဦး စုစုပေါင်း အရာရှိ (၃) ဦး ကျဆုံး ခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဘက်မှ (၂) ဦး၊ ထိခိုက်ဒဏ်ရာ ရသူ (၉) ဦး နှင့် ပြည်သူ (၁)ဦး၊ ဒဏ်ရာ ရသူ (၅) ဦး ရှိခဲ့ပါသည်။ 

ထိုကဲ့သို့ပင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် ဒေသခံများ ၏ ဥစ္စာပစ္စည်းများ ကို မတရား ယူငင်ခြင်း၊ ဒေသခံ လုပ်ငန်းခွင်များ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်း၊ နေစရာ အဆောက်အဦးများ သို့ ပစ်ခတ်ခြင်းများ စုစုပေါင်း (၉၈) လုံး ခန့် ရှိပါသည်။ ထို့ထက် ပို၍ ကျေးရွာ ဘူးသိုမြို့နယ်၊ ပါဟိုက်ကျေးရွာအုပ်စု ကျေးရွာ (၃) ရွာခန့် လုပ်ငန်းခွင်များကို ထားပစ်ခဲ့ရပြီး တောင်ယာ (၅၆) နေရာ နှင့် ဖိုးဒဲမူ ကျေးရွာ တောင်ယာ (၂) နေရာ၊ ဟီဖိုးဒဲ ကျေးရွာ တောင်ယာ (၂၇) နေရာ နှင့် ဆောဘွဲဒဲ ကျေးရွာတောင်ယာ (၂၇) နေရာ တို့ ကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါသည်။ 

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု မှ အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့ အထိ စစ်အုပ်စုဝင်များသည် တပ်အင်အား တိုးချဲ့ခြင်း၊ လက်နက်ကြီးများ နှင့် လက်နက်ကြီးစစ်သည်များ ပို့ဆောင်ခြင်း များကို မူတရော်ခရိုင်၊ တပ်မဟာ(၅) သို့ ပေးပို့ခြင်းများ ရှိခဲ့ပြီး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-တပ်မဟာ (၅) သို့ တိုက်လေယာဉ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည် မှာ နေ့စဉ် လိုလိုပင် ဖြစ်နေပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု အကြား လတ်တလော တိုက်ပွဲဖြစ်ပွားမှုများ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု အကြား လတ်တလော တိုက်ပွဲဖြစ်ပွားမှုများ Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.