စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံသဏ္ဌာန်မျိုးစုံ ဆန္ဒပြ ကန့်ကွက်နေကြဆဲ



Share/Bookmark
ရန်ကုန်မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတခု။ (မေ ၆၊ ၂၀၂၁)

မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေပြီး ရန်ကုန်က နေရာတချို့မှာ ဒီကနေ့ လျှပ်တပြက်သပိတ်၊ ပြောက်ကျားသပိတ်တွေ ရှိခဲ့ပါတယ်။

ရန်ကုန်၊ မြေနီကုန်းအရပ်က လူကူးခုံးကျော်တံတားမှာ "ထောင်ကျနေတဲ့သူတွေက ငါတို့နိုင်မှလွတ်မှာ၊ သေသွားတဲ့သူတွေက ငါတို့နိုင်မှကျွတ်မှာ၊ CDM သမားတွေက ငါတို့နိုင်မှ အလုပ်ပြန်ရမှာ" အစရှိတဲ့ စာသားတွေ ရေးထားတဲ့ စာတန်းကြီးကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

မန္တလေးမှာ စက်မှုစုပေါင်းသပိတ်နဲ့အတူ သံဃသမဂ္ဂက သံဃာတော်တွေက ဆင်းရဲဒုက္ခတွေကနေ လူထုတရပ်လုံး ကင်းဝေးစေဖို့အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ နေ့စဉ်လို ဆန္ဒပြပွဲတွေရှိနေပြီး ဒီကနေ့မှာလည်း အင်ဂျင်နီယာတွေ၊ ဆရာ ဆရာမတွေ၊ တက္ကသိုလ်နဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေက လူထုနဲ့အတူ မနက်လင်းအားကြီးပိုင်း၊ မနက်အစောပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံမြို့နယ်က ညင်းမော်ကျေးရွာမှာ ဆန္ဒပြခဲ့သလို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျေးရွာမှာ CRPH၊ NUG နဲ့ PDF တို့ကို ထောက်ခံကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မြင်းမူမြို့မှာတော့ စစ်ကျွန်ပညာရေးကို အလိုမရှိဘူးဆိုပြီး ရေးထားတဲ့ ရောင်စုံစာရွက်တွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာ ရက်ဆက် ဆန္ဒပြနေကြသလို တောင်ကြီးနဲ့ မိုးကောင်းမြို့တွေမှာတော့ ဆိုင်ကယ်တွေနဲ့ သပိတ်စစ်ကြောင်း ထွက်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်က မူဆယ်မြို့မှာတော့ "မကြေပွဲတွယ်မယ့် မူဆယ်သပိတ်စစ်ကြောင်း" ဆိုတဲ့ စာတန်းကြီးကို ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-anti-coup-protests/5883098.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ