ရေကြောင်းပို့ဆောင်ရေး စီဒီအမ် ဝန်ထမ်း၉၀ကျော် ရာထူးကရပ်စဲခံရ

 စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်ဖို့နှိုးဆော်နေတဲ့အမျိုးသမီးတယောက်ကို မတ်လ ၈ ရက်နေ့ကတွေ့မြင်ရ

ရေကြောင်းပို့ဆောင်ရေးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်က စီဒီအမ် ဝန်ထမ်း ၉၀ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ရာထူးကရပ်စဲခံခဲ့ရတယ်လို့ သိရပါ တယ်။

အခုအလုပ်ရပ်စဲခံရတဲ့သူတွေအားလုံးဟာ ဖေဖာ်ဝါရီလဆန်းအာဏာသိမ်းမှုစဖြစ်ကတည်းက စီဒီအမ် လှုပ်ရှားမှုမှာပါလာကြတာဖြစ်ပါတယ်။

"အစောကြီးကတည်းက သိပြီးသား၊ မျှော်လင့်ထားပြီးသားပါ၊ ဒီထက်ဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်မယ်ဆိုတာ ကြိုတွေးထားပြီးသားဖြစ်လို့ ထွေထွေထူးထူးကြီးတော့ မခံစားရပါဘူး " အလုပ်ရပ်စဲခံရတဲ့သူတွေထဲမှာပါဝင်တဲ့ ဆရာမတစ်ဦးကပြောပါတယ်။

ရာထူးရပ်စဲခံရလို့ နေတဲ့နေရာကနေ ဖယ်ပေးရမှာဖြစ်ပြီးတေ့ ဝန်ထမ်းအိမ်ရာမှာနေတဲ့ သူတွေအတွက်တော့ အခက်အခဲရှိနိုင်ကြောင်းနဲ့ အမှန်တရားဘက်ကရပ်တည်ပြီး သေဆုံးသွားတဲ့ ကလေးတွေ အသက်တွေစွန့်ခဲ့တာဖြစ်လို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်းသူကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရေကြောင်းပို့ဆောင်ရေး စီဒီအမ် ဝန်ထမ်း၉၀ကျော် ရာထူးကရပ်စဲခံရ  ရေကြောင်းပို့ဆောင်ရေး စီဒီအမ် ဝန်ထမ်း၉၀ကျော် ရာထူးကရပ်စဲခံရ Reviewed by THITHTOOLWIN on 07:07 Rating: 5

No comments:

Powered by Blogger.