ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျိုက်ထိုမြို့၊ကြံ့ခိုင်ရေးရုံးအား ဗုံးခွဲစဥ်စစ်တပ်မှလိုက်လံပစ်ခတ်မှုကြောင့်အရပ်သား ၃ ဦးဒဏ်ရာရ


ကျိုက်ထို မေ ၁၂ ။

ယမန့်နေ့ ည ၇:၃၀ နာရီခန့်က ကျိုက်ထိုမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ကျိုက်ထိုမြို့ရှိပြည်ခိုင်ဖြိုးရုံးကို ဗုံးခွဲတိုက်ခိုက်စဥ် လုံခြုံရေးယူထားသောစစ်တပ်မှလိုက်လံပစ်ခတ်မှုကြောင့်အရပ်သား၃ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဥ်တွင် ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရုံးစောင့်တဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ စစ်တပ်မှလည်းလက်နက်ငယ်ဖြင့် လိုက်လံပစ်ခတ်ရာ ဆိုင်ကယ်စီးနေသူအရပ်သား၃ဦးလည်းထိခိုက်ဒဏ်ရာရခဲ့၍မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင် ခဲ့ရကြောင်းသိရသည်။

"ကြံ့ခိုင်ရေးရုံးကိုဗုံးခွဲတော့တစ်ဦးဒဏ်ရာရခဲ့ပြီး၊စစ်တပ်ကတစ်ညလုံးသေနတ်အချက်၁၀၀လောက်ပစ်ခတ်ခဲ့တယ်၊လမ်းပေါ်ဆိုင်ကယ်မောင်းတဲ့ ၃ဦး ထိမှန်လို့မော်လမြိုင်ဆေးရုံကိုပို့လိုက်ရတယ်" ဟုကျိူက်ထိုမြို့နာရေးကူညီမှုအသင်းသားတစ်ဦးကပြောသည်။

ကျိုက်ထိုမြို့၊ပြည်သူ့ကာကွယ်ရေးတပ်မှစစ်တပ်အုပ်ချုပ်မှု ရက် ၁၀၀ အထိမ်းအမှတ်အဖြစ်ကြံ့ခိုင်

ရေးရုံးအားဝင်ရောက်ဗုံးခွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျိုက်ထိုမြို့၊ကြံ့ခိုင်ရေးရုံးအား ဗုံးခွဲစဥ်စစ်တပ်မှလိုက်လံပစ်ခတ်မှုကြောင့်အရပ်သား ၃ ဦးဒဏ်ရာရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျိုက်ထိုမြို့၊ကြံ့ခိုင်ရေးရုံးအား ဗုံးခွဲစဥ်စစ်တပ်မှလိုက်လံပစ်ခတ်မှုကြောင့်အရပ်သား ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.