ရန်ကင်း စက်မှု ၁ အနီး ပေါက်ကွဲသံတွေကြားရ

ပေါက်ကွဲသံတွေကို မြန်မာပလာဇာကနေလည်း ကျယ်လောင်စွာကြားရတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲသံတွေကို မြန်မာပလာဇာကနေလည်း ကျယ်လောင်စွာကြားရတယ်လို့ ဆိုပါတယ်။

ရန်ကင်း၊ စက်မှု ၁ လမ်းမပေါ်က စက်မှု ၁ မှတ်တိုင်အနီးမှာ ဒီနေ့ မေ ၁ ရက် မွန်းလွဲ တစ်နာရီခွဲခန့်မှာ ပေါက်ကွဲသံအကျယ်ကြီး သုံးကြိမ်ခန့် ကြားရကြောင်း အဲဒီနားမှာ ရောက်ရှိနေသူတွေက ဘီဘီစီကိုပြောပါတယ်။ 

ပေါက်ကွဲသံအကျယ်ကြီးကို မြန်မာပလာဇာကနေ ကြားရကြောင်းနဲ့ မြန်မာပလာဇာတွင်းမှာတော့ ပေါက်ကွဲမှုဖြစ်တာမရှိကြောင်း အဲဒီကိုရောက်နေသူတွေက ဆိုပါတယ်။ မြန်မာပလာဇာမှာ အေတီအမ်စက်ကနေ ငွေထုတ်ဖို့ တန်းစီစောင့်ဆိုင်းနေသူတွေလည်း ရာနဲ့ချီရောက်ရှိနေချိန်မှာ ခုလိုပေါက်ကွဲသံကြားရလို့ စိတ်ပူစိုးရိမ်ပြီး ဆက်တန်းမစီတော့ဘဲ ပြန်သွားကြတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရန်ကင်း စက်မှု ၁ အနီး ပေါက်ကွဲသံတွေကြားရ  ရန်ကင်း စက်မှု ၁ အနီး ပေါက်ကွဲသံတွေကြားရ Reviewed by THITHTOOLWIN on 19:06 Rating: 5

No comments:

Powered by Blogger.