ကနီနယ်မှာ တိုက်ပွဲဖြစ် ၊နှစ်ဖက် အသေအပျောက်များ

ကနီနယ်မှာ တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်သူတွေများလာ

စစ်ကိုင်းတိုင်း ကနီမြို့နယ် မျှိုင်းရွာလမ်းခွဲအနီးမှာ မေ ၂၂ ရက် မနေ့က ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ရဲ့တိုက်ပွဲမှာ စစ်ကောင်စီဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်သေဆုံးမှုတွေရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မေ ၂၂ ရက် နေ့ က ကနီ မင်းကင်းလမ်းပေါ် ကင်းရွာနဲ့ ၁၂ မိုင်ခန့်၊ စစ်ကောင်စီတပ်တွေစခန်းချတဲ့ မြောင်းကုန်းရွာနဲ့တစ်မိုင်လောက် ဝေးတဲ့နေရာ မှာတိုက်ပွဲ ဖြစ်ခဲ့တာဖြစ်ပြီးတော့ တိုက်ပွဲအပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင် ၄ ဦးပျောက်ဆုံးနေပြီးတော့ ၁၀ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခံရလို့ ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့က ပြောပေမဲ့ ဘီဘီစီကတော့ သီခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ကနီကို စစ်ကူလာတဲ့ကားတွေ ယင်းမာပင်နဲ့ ကနီကြားမှာ ဖြတ်တိုက်နေတာကြောင့် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်း ဘုတလင် မြို့နယ် ညောင်ကန် နဲ့ ကနဲရွာဖက်က နေစစ်ကား ၅ စီးနဲ့ စစ်ကားတွေလာပို့ပြီး ချင်းတွင်းမြစ်ကူးပြီး ကနီဘက်ခြမ်းကို စစ်ကြောင်း ကူးလာနေတယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်ထဲကနေစက်သေနတ်တွေတင်လာတဲ့ သင်္ဘောတစ်စီး နဲ့ အမြန်ရေယာဥ်နှစ်စီးလည်း ကနီ ဆိပ်ကမ်းမှား ရပ်နားနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ကနီနယ်မှာ တိုက်ပွဲဖြစ် ၊နှစ်ဖက် အသေအပျောက်များ ကနီနယ်မှာ တိုက်ပွဲဖြစ် ၊နှစ်ဖက် အသေအပျောက်များ Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.