မြောင်က ကျေးရွာတစ်ရွာ ကုန်းရော၊ ရေပါ အဝိုင်းခံရပြီး ရွာသား ၁၅ ဦးထက်မနည်းဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ရွာတစ်ရွာကို စစ်ကောင်စီတပ်တွေက ရေပြင်ကရော၊ မြေမြင်ကပါ ဝိုင်းခဲ့ပြီးတဲ့နောက် ဒီနေ့ မေလ ၂၁ မနက်အစောပိုင်းမှာ ရွာသား ၁၅ ဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ အဝိုင်းခံခဲ့ရတဲ့ရွာဟာ မြောင်မြို့ကနေ တနာရီလောက် ခရီးပေါက်တဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းနဲ့ကပ်လျက်က ချောင်းဆင်းရွာငယ်လေးက ဖြစ်ပြီး စစ်ကောင်စီတပ်တွေလာတယ်ဆိုတဲ့သတင်းကြောင့် ရွာသားတွေ ညအချိန်မတော် ထွက်ပြေးခဲ့ကြပေမဲ့ တောထဲအထိ ဝင်အဖမ်းခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

''ကျတော်တို့ ကျေးရွာမှာ ကာကွယ်ရေးစခန်းရှိတယ်ဆိုပြီး သတင်းကြောင့် ဒီလိုဝင်တာလို့ ကြားတယ်။ တကယ်လည်း မရှိပါဘူး။ ဆန္ဒပြတာတွေတောင် မရှိသလောက်နည်းနေပြီ။ စစ်ကောင်စီတပ်တွေက ကျနော်တို့ ရွာနဲ့ကပ်လျက် နံဂါးပေါက်ရွာမှာ ကားတွေထားခဲ့ပြီး ဝင်လာတာ။ ဧရာဝတီမြစ်ထဲကလည်း သင်္ဘော ၃ စင်းနဲ့ လာကြတယ်။'' လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို မြောင်ကို ခေါ်သွားတယ်လို့ နောက်ဆုံးသိရပြီး ချောင်းဆင်းရွာခံတွေကို ပိတ်ဖမ်းဖို့ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက ရွာတွေကိုလည်း ဝင်ရောက်ရှာဖွေနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မြောင်မြို့နယ်ထဲက ရွေပေါက်ပင်ကျေးရွာမှာ ကျေးရွာဥက္ကဋ္ဌ၊ သမီး၊သားနဲ့မြေးဖြစ်သူတို့ တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါသေးတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

မြောင်က ကျေးရွာတစ်ရွာ ကုန်းရော၊ ရေပါ အဝိုင်းခံရပြီး ရွာသား ၁၅ ဦးထက်မနည်းဖမ်းဆီးခံထားရ  မြောင်က ကျေးရွာတစ်ရွာ ကုန်းရော၊ ရေပါ အဝိုင်းခံရပြီး ရွာသား ၁၅ ဦးထက်မနည်းဖမ်းဆီးခံထားရ Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.