ဂျပန်က အကူအညီတွေရပ်ဖို့ စဉ်းစားနေ


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက် ဖိနှိပ်ဖြိုခွဲနေတဲ့အတွက် မြန်မာနိုင်ငံကို ဂျပန်က ပေးနေတဲ့ အထောက်အပံ့တွေအားလုံးကို ဆိုင်းငံ့ထားဖို့ စဉ်းစားနေတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတက်ဂီက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အထောက်အပံ့သစ်တွေ ထပ်မပေးဖို့ ဂျပန်အစိုးရက ဆိုင်းငံ့ထားပြီး ဖြစ်ပေမဲ့ ဒီကန့်သတ်ချက်ကို ထပ်တိုးလုပ်သွားဖွယ် ရှိတယ်လို့ မစ္စတာ မိုတက်ဂီက နစ်ကေး သတင်းစာကို ထုတ်ဖော်ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် စီးပွားရေး အထောက်အပံ့ အများဆုံး ပေးနေတဲ့ နိုင်ငံ ဖြစ်ပြီး မြန်မာစစ်တပ်နဲ့ ကာလတာရှည် ဆက်ဆံရေး ထားရှိခဲ့တာပါ။ ထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဆောင်ကြဉ်းပေးဖို့ အာဏာသိမ်း စစ်ကောင်စီကို ဂျပန်အစိုးရက တောင်းဆိုလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ဂျပန်က အကူအညီတွေရပ်ဖို့ စဉ်းစားနေ ဂျပန်က အကူအညီတွေရပ်ဖို့ စဉ်းစားနေ Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.