မိုင်းဆတ်မြို့ လုံခြုံရေး မစောင့်နိုင်သည့် အိမ် ကျပ် (၈)ထောင် ပေးရ


မေ ၂၈ရက် ၂၀၂၁

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကျောင်းလုံခြုံးရေးအတွက် သွားရောက်မစောင့်ပါက တရက်လျှင် ကျပ်ငွေ (၈)ထောင်ပေးနေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီမှ ကျောင်းအပ်ခွင့်စလက်ခံသည့် (မေ ၂၄) ရက် မှ စပြီး ပြည်သူများ ကို ကျောင်းလုံးခြုံးရေးအရ သွားရောက်စောင့်ခိုင်းပြီး၊ သွားရောက်မစောင့်နိုင်ပါက တအိမ်လျှင်တရက် ကျပ်ငွေ (၈)ထောင်ပေးဆောင်ရမည် ဖြစ်ကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။

“ သူတို့ ၂၄ ရက်ကတည်းက လာစောင့်ခိုင်းတာ။ ဘယ်နေ့ထိစောင့်သွားရမလဲဆိုတာ မသိသေးဘူး။ ရက်အကန့်သတ်မရှိ စောင့်သွားရမယ်လို့ပြောတယ်။ တစ်ရက်ကို တစ်အိမ် အလှည့်ကျ သွားစောင့်ပေးနေရတယ်။ ကျောင်းဖွင့်လည်း အလှည့်ကျ စောင့်ရမယ်လိုပြောတယ်။ သွားမစောင့်ရင် တအိမ်ကို ၈ထောင်ကျပ်ပေးရမယ်  ” ဟု မိုင်းဆတ်မြို့ဒေသခံ တစ်ဦး က ပြောသည်။ 

ကျောင်းလုံးခြုံရေးအပြင် မြို့အဝင်အထွက် တွင်လည်း ပြည်သူများ အလှည့်ကျ တစ်အိမ်တစ်ယောက်သွားစောင့်ပေး နေရကြောင်းသိရသည်။ 

“ တစ်အိမ်ကိုတစ်ယောက်သွားစောင့်ပေးရတာ။ ယောကျားလေးတွေဘဲသွားစောင့်ပေးရတာ။ ယောကျားလေးမရှိတဲ့ အိမ်ဆို မိန်းခလေးက သွားစောင့်ပေးရတာ။ ကိုယ်စရိတ်နဲ့ကိုယ်ဘဲ။ နေ့လည်စာတောင်း အိမ်ကနေ ထမင်းချိုင်းထုတ် သွားခိုင်းတာ။ ထ ၂ ကျောင်းမှာက မစောင့်နိုင်င်တဲ့အိမ်ဆို ၈၀၀၀ ပေးရတယ်။ ငြင်းလို့မရဘူး” ဟု မိုင်းဆတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဆတ်မြို့ပြည်သူများသည် မနက်ပိုင်း ၆ နာရီမှ ညနေပိုင်း ၄ နာရီအထိ ကျောင်းလုံခြုံးရေးအတွက် သွားရောက်စောင့်ကြည့်ပေးနေရကြောင်း၊ ထိုလုပ်ဆောင်မှုများကို မြို့နယ်က ညွှန်ကြားထားကြောင်း ဒေသခံများ ကပြောသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ၎င်းတို့စေလိုရာအတိုင်းလုပ်ဆောင်နေလျက်ရှိကြောင်းသိရသည်။ 


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မိုင်းဆတ်မြို့ လုံခြုံရေး မစောင့်နိုင်သည့် အိမ် ကျပ် (၈)ထောင် ပေးရ မိုင်းဆတ်မြို့ လုံခြုံရေး မစောင့်နိုင်သည့် အိမ် ကျပ် (၈)ထောင် ပေးရ Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.