မြင့်တက်နေတဲ့ရွှေစျေး ဘာဆက်ဖြစ်နိုင်မလဲ

မြန်မာ့ရွှေဈေး ၁၅ သိန်းကျော်ထိ မြင့်တက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေအပေါ် ယုံကြည်မှုနည်းလာကာ ရွှေဝယ်စုသူတွေ များလာတာကြောင့် မြန်မာ့ရွှေဈေးကွက်ဟာ တစ်ကျပ်သားကို ကျပ် ၁၅ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ငွေသားကိုင်မထားချင်တဲ့ ပြည်သူတွေက တနိုင်တပိုင် ရွှေထည် ဝယ်ယူစုဆောင်းနေကြပေမယ့် ရွှေဈေးကွက် လက်ကြီးသမားတွေကြားမှာတော့ အရောင်းအဝယ် မရှိသလောက်နည်းတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

တစ်ဖက်မှာ ကမ္ဘာ့ရွှေဈေးနှုန်းကလည်း မြင့်တက်နေသလို တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၈၁၉အထိ ရောက်လာပါတယ်။

ဒေါ်လာငွေလဲနှုန်းဟာလည်း မေလ ၇ ရက်နေ့မှာ တစ်ဒေါ်လာကို ၁၆၀၀ ကျော်အထိ မြင့်တက်ခဲ့တယ်လို့ ပြည်တွင်းဈေးကွက်တွေမှာ ဖော်ပြကြပါတယ်။

ဒေါ်လာဈေး၊ ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးလည်း မြင့်တက်လာတာကြောင့် အစိုးရအနေနဲ့ အရင်ရက်က ထုတ်ရောင်းခဲ့သလို ဒေါ်လာတွေ ထပ်ထုတ်ရောင်းပေးရင် ရွှေဈေး ပြန်ပြုတ်ကျသွားလိမ့်မယ်လို့ ဝါရင့်ရွှေလုပ်ငန်းရှင် ဦးဇော်ဇော်အောင်က သုံးသပ်ပါတယ်။

“လူတွေစီးပွားရေးမကောင်း၊ တိုင်းပြည်အခြေအနေမကောင်း၊ ကမ္ဘာ့အခြေအနေမကောင်းရင် ရွှေဈေးက တက်ပြီ။ ဒီတိုင်းပဲ ဆက်သွားရင် ရွှေဈေးက ၁၅ သိန်း အပေါ်မှာပဲ ရှိနေမှာပဲ”လို့လည်း ဦးဇော်ဇော်အောင်က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကာလ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်ငွေ ၁၂ သိန်းကျော်နဲ့ ၁၃ အတွင်းမှာ တည်ငြိမ်နေခဲ့တာပါ။

ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်းတွေနဲ့အတူ မြန်မာ့ရွှေဈေးကလည်း တစစ မြင့်တက်လာနေတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မြင့်တက်နေတဲ့ရွှေစျေး ဘာဆက်ဖြစ်နိုင်မလဲ  မြင့်တက်နေတဲ့ရွှေစျေး ဘာဆက်ဖြစ်နိုင်မလဲ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.