မင်းတပ်မြို့တွင်ရေပြန်ရပြီး လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများဖြတ်တောက် ဟုသိရ


စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် ဖုန်းလိုင်းနှင့် လျှပ်စစ်မီးများ ဖြတ်တောက်ခံထားရကြောင်း သိရသည်။

စစ်ဘေးရှောင်ဒေသခံတစ်ဦးက `မြို့ပေါ်မှာ လျှပ်စစ်မီးနဲ့ ဖုန်းတွေဖြတ်တောက်ထားလို့ သိရတယ် ရေကတော့ ပြန်ရတယ်လို့တော့ ကြားတယ်"ဟုပြောသည်။

လက်ရှိ မင်းတပ်မြို့တွင် စစ်ဘေးရှောင် ၁၀၀၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်များ၏ စားဝတ်နေရေးမှာ အလွန်အခက်အခဲဖြစ်နေကြောင်းလည်း သိရှိရသည်။ 

မင်းတပ်မြိို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (CDF)တို့အကြား မေလ (၁၂) ရက်နေ့မှ လေးရက်အကြာ  တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ (၁၅) ရက်နေ့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှ ဆုတ်ခွာပေးခဲ့ရသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

မင်းတပ်မြို့တွင်ရေပြန်ရပြီး လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများဖြတ်တောက် ဟုသိရ မင်းတပ်မြို့တွင်ရေပြန်ရပြီး  လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများဖြတ်တောက် ဟုသိရ Reviewed by THITHTOOLWIN on 21:22 Rating: 5

No comments:

Powered by Blogger.