သီပေါမြို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) မှ ဦးဒေါ်လာ ကို စစ်ကောင်စီ ဖမ်းဆီးသွား


မေ (၅)ရက် ၂၀၂၁

သျှမ်းပြည် မြောက်ပိုင် သီပေါမြို့ ၈၈မျိုးဆက် (ငြိမ်း/ပွင့်)  မှ ဦးဒေါ်လာ ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း အဖွဲ့အစည်း မှ ဦးဒေါ်လာ (ခ) ဦးထွန်းရွှေကို မေ (၃)ရက် ညနေပိုင်းတွင် စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မည်သည့်အကြောင်းကြောင့် ခေါ်ဆောင်သွားခြင်းကို မသိရှိရကြောင်း သီပေါမြို့ နေ ဦးဒေါ်လာနှင့်နီးစပ်သူ တဦး က ပြောသည်။

" ဟုတ်ပါတယ်။ သူကို ဖမ်းသွားတယ်လို့ကြားတယ်။ ဘာအမှုနဲ့ဖမ်းတာလဲတော့မသိဘူး။ ခုချိန်ထိ ဘာမှမသိရသေးဘူး။" ဟု ၎င်း နီးစပ်သူမျာ က ပြောသည်။ 

သီပေါမြို့ဒေသခံများပြောပြချက် အရ ဦးဒေါ်လာ ကို စစ်ကောင်စီ မှ ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိမှာ ဦးဒေါ်လာကို သီပေါမြို့ထောင်ကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဦးဒေါ်လာကို ငြိမ်းချမ်းရေး အတွက်  တက်ကြွစွာ ပါဝင်လှုပ်ရှားတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

သီပေါမြို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) မှ ဦးဒေါ်လာ ကို စစ်ကောင်စီ ဖမ်းဆီးသွား သီပေါမြို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) မှ ဦးဒေါ်လာ ကို စစ်ကောင်စီ ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 07:46 Rating: 5

No comments:

Powered by Blogger.