ဗဟိုဘဏ်က အမေရိကန် ဒေါ်လာကို ငွေလဲ ကောင်တာတွေက တဆင့် ရောင်းချပေးမယ်


ရန်ကုန်၊ မေ ၁၃၊ ၂၀၂၁

ဗဟိုဘဏ်က အမေရိကန် ဒေါ်လာများကို အများပြည်သူ အတွက် ငွေလဲကောင်တာတွေက တဆင့် (Money Changer) ရောင်းချပေးမှာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်းကို မေလ ၁၃ ရက်မှာ စတင် ရောင်းချပေးသွားမှာ ဖြစ်ပြီး ဗဟိုဘဏ်က သတ်မှတ် ပေးတဲ့ ရောင်းဈေးအတိုင်း ၁ ဒေါ်လာကို ၁၆၄၅ ကျပ်နဲ့ ၁ ဦးကို ဒေါ်လာ ၁၀၀၀ စီ စတင် ရောင်းချသွားမှာ ဖြစ်ကြောင်း သတင်း ဖော်ပြချက်တွေအရ သိရပါတယ်။ 

မေလ ၁၂ ရက်ကလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံ စနစ်နဲ့ အမေရိကန် ဒေါ်လာ ၆ သန်း ရောင်းချ ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ 

လေလံအတွက် ပျမ်းမျှ ငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာကို ၁၆၅၀ ဒသမ ၆ ကျပ် ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ဒေါ်လာစျေးနှုန်းမှာ အခုရက်ပိုင်းအတွင်း ဆက်တိုက် ဆိုသလို မြင့်တက်လာနေပြီး မေလ ၁၂ ရက်က ပြင်ပ ဈေးကွက်မှာ ၁ ဒေါ်လာကို ၁၇၀၀ ကျပ်ခန့် အထိ ရှိခဲ့ကြောင်း ဖြစ်ပေါ်ခဲ့ပါတယ်။

ငွေလဲ ကောင်တာတွေက တဆင့် ဒေါ်လာ ရောင်းချပေးမယ့် သတင်း ထွက်ပေါ်ပြီးတဲ့နောက် ဒေါ်လာနဲ့ ရွှေဈေးနှုန်း ပြန်လည် ကျဆင်းခဲ့ကြောင်းလည်း သိရပါတယ်။ 

ဗဟိုဘဏ် အနေနဲ့ အမေရိကန် ဒေါ်လာကို အရင်က ပုဂ္ဂလိက ဘဏ်တွေကိုသာ ရောင်းချခဲ့ရာကနေ အခု ပထမဆုံး အကြိမ် အဖြစ် ငွေလဲကောင်တာ (Money Changer) တွေကို ရောင်းချပေးတာ ဖြစ်ပါတယ်။ 



ဓာတ်ပုံ - အင်တာနက် စာမျက်နှာများ


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဗဟိုဘဏ်က အမေရိကန် ဒေါ်လာကို ငွေလဲ ကောင်တာတွေက တဆင့် ရောင်းချပေးမယ် ဗဟိုဘဏ်က အမေရိကန် ဒေါ်လာကို ငွေလဲ ကောင်တာတွေက တဆင့် ရောင်းချပေးမယ် Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.