ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ


May 28, 2021/ Kachin News Group

ပူတာအိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၄၆ စစ်တပ်ကုန်းတွင် ယနေ့ နံနက်ပိုင်းက အဝေးပစ်လက်နက်တစ်ခုဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၈ရက်နေ့ ယနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် ပူတာအို ကောင်ကထောင်ရပ်ကွက် ရှိ စစ်တပ်ဗျူဟာကုန်းတွင် ပေါက်ကွဲသံ ၂ ကြိမ်ကြားလိုက်မိကြောင်း ကောင်ကထောင် ရပ်ကွက်ပြည်သူ တစ်ဦးက အတည်ပြု ပြောဆိုသည်။

“ဒီမနက်ပိုင်း ၁နာရီနဲ့ ၂နာရီကြားမှာဟုတ်တယ်။ ပေါက်ကွဲသံ ၂ခါကြားလိုက်တယ်။ အဝေးကနေ လှမ်းပစ်လိုက်တဲ့ အသံတော့ ဟုတ်တယ်။ ဘာနဲ့ပစ်တာက ကျနော်လည်းမသိဘူ” ဟုပြောဆိုသည်။

အဆိုပါပစ်ခတ်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ အောက်၊ တပ်ရင်း(၇)က  ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ထပ်မံ ပြောဆိုသည်။ 

“စခန်းအတွင်းမှာက ၁ လုံးထဲကျတယ်လို့ပြောတယ်။ ဒါပေမယ့် စစ်တပ်အထဲမှာဖြစ်တယ်ဆိုတော့ ပျက်စီးထိခိုက်မှုတွေက မသိရသေးဘူး” ဟု ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အနှံ တိုက်ပွဲဖြစ်ပွားနေသော်လည်း ပူတာအိုခရိုင်တွင် ပစ်ခတ် ပေါက်ကွဲခြင်းမျှပင် မရှိခဲ့ကြောင်း သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.