စစ်ကောင်စီလက်နက်ကိုင်များ စီးနှင်းလိုက်ပါလာသည့် သင်္ဘောပစ်ခံရ


May 11 - Kachinwaves

စစ်ကောင်စီလက်နက်ကိုင်တပ်များ စီးနှင်းလိုက်ပါပြီး ရိက္ခာပို့လာသော ပေါက်တန်း အမည်ရှိ နှစ်ထပ်သင်္ဘောကို ကေအိုင်အေမှ ယနေ့နံနက်ငါးနာရီဝန်းကျင်တွင် ရွှေကူမြို့ ငါဘတ်ဝအနီး၌ ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

မေ ၇ရက်နေ့ကလည်း ရွှေကူဘက်ကိုဆန်လာသည့် သင်္ဘောနှစ်စီး ပစ်ခံရပြီး​နောက် ထွက်​​ပြေးသွားသ​ည့်သင်္ဘော​မောင်းသူအရပ်သားများကို ပြန်လည်ဖမ်းဆီးပြီး ​မောင်းခိုင်းခဲ့ပြီး ယ​နေ့နံနက်ပြန်လည် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ယ​နေ့ ၇နာရီဝန်းကျင်ခန့်တွင် ဧရာဝတီဒုတိယမြစ်ကျဥ်းကနေ လက်နက်ကြီးများ ပစ်ခတ်သည့်အတွက် သင်္ဘောစက်ခန်းပိုင်း ထိသွားကြောင်း ရွှေကူဒေသခံတစ်ဦးက ဆိုသည်။

"သင်္ဘော​ပေါ်မှလည်း လက်နက်ကြီး သုံးလုံးနဲ့ လက်နက်ငယ်များနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ် နောက်ဘက်လည်း မှန်ထားတယ် စစ်ကောင်စီဘက်မှ ထိခိုက် ဒဏ်ရာရသူများရှိပေမဲ့လည်း မရပ်ဘဲ ဆက်ဆန်သွားကြတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

တိုက်ပွဲပစ်ခတ်သံများကြောင့် နှလုံး​ရောဂါအခံရှိသည့် ဇင်းဘုံ ရွာက အသက် ၆၀အရွယ်ရှိ အမျိုးသားတစ်ဦး နှလုံးဖောက်ပြီး သေဆုံးသွား​ကြောင်းလည်း ​ဒေသခံတစ်ဦးကဆိုသည်။ 

အဆိုပါ သင်္ဘော​ပေါ်တွင် ဆန်အိတ် ၁၀၀၀ အိတ် နဲ့ အခြားစား​သောက်စိက္ခာများနှင့် စစ်သားများ လိုက်ပါလာ​ကြောင်း သတင်းရရှိသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews/

စစ်ကောင်စီလက်နက်ကိုင်များ စီးနှင်းလိုက်ပါလာသည့် သင်္ဘောပစ်ခံရ စစ်ကောင်စီလက်နက်ကိုင်များ စီးနှင်းလိုက်ပါလာသည့် သင်္ဘောပစ်ခံရ Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.