လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်



မေ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီးတွင် ယနေ့(မေ ၄ ရက်)နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။ 

အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “ညက ၂ နာရီခွဲခါနီးမှာ လှိုင်းဘွဲဈေးရှေ့က ပညာရေးမှူးရုံးရဲ့ ခြံဘေးအုတ်တံတိုင်းမှာ ကွဲတာ၊ လက်လုပ်မိုင်းလို့ ပြောတယ်။ ထိခိုက်မှုတော့ များများစားစားမရှိဘူး။ တုန်ခါမှုကြောင့် မှန်တွေ ကွဲတာလောက်ပဲရှိတယ်။ ထိခိုက်သူတွေတော့ မရှိဘူး။” ဟု ပြောသည်။ 

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နံနက် ၃နာရီကျော်မှ စစ်ကောင်စီ၏ ရဲတပ်များရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိဗုံးပေါက်ကွဲရာအနီးအနားဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူထားသည်ဟု အဆိုပါ မြို့ခံက ပြောသည်။ 


Karen Information Center -KIC

https://www.facebook.com/KICNewsPage

လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ် လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.