မိုး​မောက်မြို့နယ်တွင် ယ​နေ့လည်း တိုက်ပွဲဖြစ်ပွားဆဲ

Source - The Kachin Net

May 4 - Kachinwaves

မိုးမောက်မြို့နယ်ရှိ ကေအိုင်အေ တပ်မဟာ(၅) တပ်ရင်း (၂၅)နယ်မြေရှိ ဆလောင်းကုန်းအနီးတွင် ယနေ့ နံနက် ၄နာရီ မှ စ၍ နေ့လည်အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဆလောင်းကုန်းအနီးဘက်တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များမှ လက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ကေအိုင်အေတပ်စခန်းရှိရာသို့ စစ်ကောင်စီလက်နက်ကိုင်များခြေလျင်တပ်ဖြင့် ချီတက်လာသည့်အတွက်ကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ကေအိုင်အေ တပ်ရင်း (၂၅ )နယ်မြေနှင့် အလောဘွမ်အနီးတစ်ဝိုက်တွင် ကေအိုင်အေနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်သည်မှာ တစ်လကျော်ပြီးဖြစ်သည်။ 


Kachinwaves

https://www.facebook.com/kachinwavesnews

မိုး​မောက်မြို့နယ်တွင် ယ​နေ့လည်း တိုက်ပွဲဖြစ်ပွားဆဲ မိုး​မောက်မြို့နယ်တွင် ယ​နေ့လည်း တိုက်ပွဲဖြစ်ပွားဆဲ Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.