ထွေအုပ်ကို ပြည်ထဲရေးအောက် ပြန်ပြောင်း

NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကနေ ပြောင်းရွှေ့ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အခုအခါ ပြည်ထဲရေးလက်အောက်မှာ ပြန်ပြောင်းရွှေ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ နေ့စွဲနဲ့ စစ်ကောင်စီက ကြေညာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၁၉အရအခုလို ပြောင်းရွှေ့ခဲ့တာလို့ အဲဒီအမိန့်ကြေညာချက်မှာ ပါရှိပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စစ်တပ်ကခန့်ထားတဲ့ ဝန်ကြီးတာဝန်ယူတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက် ပြောင်းရွှေ့ထားရှိခဲ့တာ ဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးကနေ စပြီး ရပ်ရွာနဲ့မြို့ပြ အဆင်ဆင့် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူထားတာဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျေးလက်အထိပါဖြန့်ကျက်ထားနိုင်တဲ့ အကြီးမားဆုံးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883


ထွေအုပ်ကို ပြည်ထဲရေးအောက် ပြန်ပြောင်း  ထွေအုပ်ကို ပြည်ထဲရေးအောက် ပြန်ပြောင်း Reviewed by THITHTOOLWIN on 07:55 Rating: 5

No comments:

Powered by Blogger.