ကလေးမြို့တွင် စစ်​ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးပြီး ၂၄ နာရီအတွင်း နှိပ်စက်ခံရ၍လူသေဆုံးမှုဖြစ်ပွား


စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုမင်းမင်း ဆိုသူအား စစ်ကောင်စီဖွဲ့မှ မေလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ယနေ့ မေလ ၂၅ ရက်နေ့တွင်  အလောင်းလာထုတ်ရန် မိသားစုထံ စစ်တပ်မှ အကြောင်းကြားခဲ့သည်ဟု သိရသည်။

ကိုမင်းမင်းကိုနှိပ်စက်ဒဏ်ရာများစွာဖြင့်သေဆုံးနေသည်ကိုတွေ့ရကြောင်းသိရသည်။

ကလေးမြို့၊ မြို့သာရပ်ကွက်၊ နန်းကလိန်တံတားအနီး (စိတ်ထားမဏ္ဍိုင်) ဆိုင်ကယ်ပြင်ဆိုင်မှ ကိုမင်းမင်း အားစစ်ကောင်စီတပ်မှ စစ်ဆေးစရာရှိ၍ဟုဆိုကာ မေလ ၂၄ ရက်နေ့ နေ့ခင်းပိုင်းတွင်  ဖမ်းဆီးခေါ်ဆောင်သွား​ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့တွင် စစ်​ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးပြီး ၂၄ နာရီအတွင်း နှိပ်စက်ခံရ၍လူသေဆုံးမှုဖြစ်ပွား ကလေးမြို့တွင် စစ်​ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးပြီး ၂၄ နာရီအတွင်း နှိပ်စက်ခံရ၍လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:27 Rating: 5

No comments:

Powered by Blogger.