ကွတ်ခိုင် စစ်ကောင်စီ တပ်စခန်း မီးရှို့ခံရ



Share/Bookmark

မေ ၆ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့တွင် စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု တို့ တိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်း တစ်ခု မီးရှို့ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ မေ (၅) ရက်တွင် ည ၈ နာရီ ဝန်းကျင်အချိန်ခန့်တွင် လားရှိုး - ကွက်ခိုင်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ စခန်း တစ်ခု မီးလောင်သည်ကို တွေ့ရှိရပြီး နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို ကြားခဲ့ရကြောင်း ကွက်ခိုင်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ စစ်ကောင်စီရဲ့ စခန်းသေး တစ်ခု မီးလောင်သွားတာတော့ ရှိတယ်။ သူတို့ဘက်က ကျဆုံးတာတော့ မကြားရဘူး။ ၂၄ ကားဘီး တစ်လုံး ပေါက်သွားတယ်။ လူတော့ ထိခိုက်တာတော့ မရှိဘူး။ ကားထဲက ခေါင်းအုံးပဲ ထိတယ်။ မြေယာ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ နေရာ ထိသွားတယ်။” ဟု ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မေ (၅) ရက်နေ့က ကွက်ခိုင်မြို့တွင် စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုတို့ စစ်ရေးလှုပ်ရှားမှုသည် ညနေပိုင်းအချိန်ထိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ကာ စစ်ရေး ပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။

မေ (၄) ရက် နေ ၃ နာရီမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်) TNLA တို့ ပူးပေါင်း တပ်ဖွဲ့တို့ စစ်ရေါ် ပြင်းထန်နေဆဲဖြစ်ပြီး၊ ကွက်ခိုင်ပြည်သူများ ဗုံးခိုကျင်းတွင် ရှောင်တိမ်းနေရခြင်း၊ တိုက်ပွဲကြောင့် အရပ်သား (၅) ဦး ဒဏ်ရာ ရရှိခြင်း၊ နေအိမ် (၅) အိမ် လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ