စစ်​ကောင်စီက ကားတားပြီး ​သေနတ်​ထောက်ကာ ပိုက်ဆံလု


May 15 - Kachinwaves

ယမန်နေ့ည ၇နာရီ​ကျော်တွင် မြစ်ကြီးနားမြို့စီတာပူရပ်ကွက် တက္ကသိုလ်ကျောင်း အနောက်ဖက်လမ်းရှိ ရက္ကန်းသင်တန်းကျောင်းအကျော်လမ်းဆုံတွင် စစ်ကောင်စီလက်နက်ကိုင်စစ်သားသုံးဦးသည် ဝတ်စုံအပြည့်ဖြင့် သေနတ်များကိုင်ကာ လမ်းသွားလမ်းလာသူများကို သေနတ်ထောက်ပြီး ပိုက်ဆံများတောင်း​ကြောင်း သတင်းရရှိသည်။

"လည်ပင်းကို သေနတ်ထောက်ပြီး ဓားပြတိုက်တာပါ။ အရပ်ဝတ်နဲ့မဟုတ်ဘူး စစ်ဝတ်စုံ ဝတ်ထားပြီး သေနတ်ပါကိုင်ထားတယ် ကားရပ်ခိုင်းပြီး လည်ပင်းကို သေနတ်ထောက်ပြီး တောင်းပါတယ်ခင်ဗျ။ မပေးရင် ပစ်သတ်မယ်လို့လည်းပြောပါတယ်"ဟု ပိုက်ဆံတောင်းခံရသူက ပြောသည်။

မပေးလျှင်ပစ်သတ်မည်ဟု ခြိမ်းခြောက်သည့်အတွက် ကျပ် ၇သိန်းတန်ဖိုးရှိ ​ရွှေနှင့်ငွေ ၁သိန်း​ကျော် ပါသွားကြောင်း ထိုသူက ပြောသည်။

မိုးကောင်းမြို့နယ်ရှိ ကျောက်တောင်ဘက်တွင်လည်း စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာပြည်သူများကို သေနတ်ထောက်ပြီး ပိုက်ဆံတောင်းခြင်းများ ရှိ​နေကြောင်း သိရသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

စစ်​ကောင်စီက ကားတားပြီး ​သေနတ်​ထောက်ကာ ပိုက်ဆံလု စစ်​ကောင်စီက ကားတားပြီး ​သေနတ်​ထောက်ကာ ပိုက်ဆံလု Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.