မနက်ဖြန်ပလက်၀သွားမည့်စစ်ကားများမင်းတပ်မြို့ကိုဖြတ်မည်


မနက်ဖြန်၇.၅.၂၀၂၁ ရက်နေ့တွင် ပလက်၀မြို့နယ်ဆမီးမြို့သို့ သွားမည့် တပ်ပြောင်းကားများ မင်းတပ်မြို့တွင်းဖြတ်သန်းမည်ဖြစ်ပြီး၊ဖြတ်သန်းခွင့်မှာ ၇.၅.၂၁ (၁ ရက်တည်းအတွက်သာဖြစ်ကြောင်းမင်းတပ်-မတူပီ လမ်းမကြီးဝဲယာရှိ ပြည်သူများ ခေတ္တရှောင်တိမ်းပေးကြရန်၊နေအိမ်/ဆိုင်ခန်းများ ပိတ်ပေးကြရန်၊လမ်းမကြီးပေါ် သွားလာလှုပ်ရှားခြင်း မပြုကြရန်နှင့် ဖြတ်သန်းပြီးသည့်အချိန်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေထိုင်နိုင်ကြောင်းပြည်သူများ သိရှိနိုင်ရန် အကြောင်းကြားအပ်ပါကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့ကပြည်သူများထံအကြောင်းကြားထားကြောင်းကြားသိရသည်။


Chin World

https://www.facebook.com/Chin-World-167011980026853/


မနက်ဖြန်ပလက်၀သွားမည့်စစ်ကားများမင်းတပ်မြို့ကိုဖြတ်မည် မနက်ဖြန်ပလက်၀သွားမည့်စစ်ကားများမင်းတပ်မြို့ကိုဖြတ်မည် Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.