စစ်ကောင်စီတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့်မင်းတပ်ဒေသခံ လူငယ် ၄ ဦးကျဆုံးဟုဆို


ယမန်နေ့နှင့်ယနေ့တွင် ကျောက်ထု၊မတူပီနှင့်မင်းတပ်မြို့ထဲတချို့နေရာကိုအခြေပြုပြီးစစ်ကောင်စီတပ်ဖွဲ့မှ စစ်တပ်အင်အား၁၀၀၀ ဝန်းကျင်နဲ့ နေရာ ၃ နေရာ ယူပြီး မင်းတပ်မြို့ခံပြည်သူများကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်မှုကြောင့် မင်းတပ်ဒေသခံ လူငယ် ၄ ဦးအထိ ကျဆုံးကာ လူငယ်တချို့ထိခိုက်ဒဏ်ရာရကြောင်းဒေသခံများထံမှသိရသည်။ 

ယမန်နေ့နှင့်ယနေ့တွင်ကျောက်ထုမြို့မှမင်းတပ်မြို့သို့စစ်ရဟတ်ယာဥ်ဖြင့် အခေါက် ၃၀ ခန့် မင်းတပ်မြို့တွင်းမှာ စစ်သားအင်အားအများအပြားနှင့် စစ်လက်နက်များ ချထားခဲ့ကြောင်း သိရပါသည်။

စစ်ကောင်စီ ဘက်မှ မင်းတပ်မြို့ထဲတွေ့သမျှ အမျိုးသားဖြစ်သူတိုင်း ဖမ်းဆီးကြပြီး နေအိမ်ထဲအထိ သူတို့မှ လိုက်ပြီး ဖမ်းဆီး ခဲ့ကြောင်းသိရသည်။ ၄င်းတို့ ဖမ်းဆီးထားသော  လူငယ် ၁၅ ဦးခန့်ကို ရှေ့တန်းမှာ ထား၍ သွားခိုင်းခဲ့ကြောင်းလည်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှကျောက်ထုဘက်မှဆက်တိုက်ပစ်ခတ်ခဲ့ကြောင်းလည်းသိရသည်။ လက်နက်ကြီးတွေ သုံးပြီး Sniper ကို အသုံးပြုပြီး မြို့ထဲရှိ ပြည်သူများကိုလည်း ပစ်ခတ်ကြောင်းသိရသည်။

အချို့သော မင်းတပ်ဒေသခံများမှာလည်း ဒဏ်ရာရရှိကြပြီး ဆေးကုသဖို့ အဆင်မပြေကြောင်း သိရသည်။ မင်းတပ်ဒေသခံအမျိုးသမီးနှင့် ကလေးငယ်များမှာလည်း

ကိုယ်လွတ်ရာနေရာ များတွင် တိမ်းရှောင်ကြကြောင်းသိရသည်။

ယနေ့ မေလ ၁၅ ရက်နေ့အထိ CDF မင်းတပ် ဘက်မှ သေဆုံးသူ ၄ ဦး နှင့်ဒဏ်ရာရသူအချို့ ရှိကြောင်း ယနေ့ည ၈ နာရီခွဲခန့်အထိ မင်းတပ်မြို့ထဲလက်နက်ကြီးပေါက်ကွဲသံတချို့ကြားရကြောင်းသိရသည်။


Chin World

https://www.facebook.com/Chin-World-167011980026853/

စစ်ကောင်စီတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့်မင်းတပ်ဒေသခံ လူငယ် ၄ ဦးကျဆုံးဟုဆို စစ်ကောင်စီတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့်မင်းတပ်ဒေသခံ လူငယ် ၄ ဦးကျဆုံးဟုဆို Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.