စစ်​ကောင်စီ ဂျက်လေယာဉ်နှစ်စင်းမှ ပစ်ချသည့် ​လေယာဥ်ဗုံးများ ​ရွှေကူနှင့် ကသာမြို့နယ်ရှိ ကျေးရွာများအနီးကျ​ရောက်​ပေါက်ကွဲ​


31 May 2021 - Kachinwaves

စစ်​ကောင်စီ၏ ဂျက်လေယာဉ်နှစ်စင်းမှ ပစ်ချသည့် ​လေယာဥ်ဗုံးများ ကျေးရွာများအနီးကျ​ရောက်​ပေါက်ကွဲ​ခဲ့ကြောင်း သတင်းရရှိသည်။

ယ​နေ့ ည​နေ ၅နာရီခန့်အချိန်၌ စစ်​ကောင်စီ၏ ဂျက်​လေယာဥ်နှစ်စင်း​ပေါ်မှ ပစ်ချ​ခဲ့သော ဗုံးများသည် ​​ရွှေကူမြို့နယ်ရှိ ​ဧရာဝတီမြစ်အနီး မင်းကျောင်းကုန်းနှင့် သာယာကုန်း​ကျေးရွာကြားတွင် တစ်လုံး၊ ​ကျောက်ကြီးရွာအနီးတစ်လုံးနှင့် ကသာမြို့နယ် မိုးတားရွာအနီး၌ ၂လုံး၊ ​ရွှေပြည်သစ်​ကျေးရွာရှိ သရက်သီးခြံတစ်ခြံ၌ ၂လုံး ပစ်ချခဲ့​ကြောင်း ​ဒေသခံများထံမှ သိရသည်။

ပစ်ချခဲ့​သော ​လေယာဥ်ဗုံးများမှ ​ကျောက်ကြီးရွာအနီးကျသည့် ဗုံးတစ်လုံးသည် ​ပေါက်ကွဲခြင်း မရှိခဲ့​ကြောင်း သိရသည်။ ယ​နေ့ ပစ်ချခဲ့သည့် ​လေယာဥ်ဗုံးများကြောင့် ထိခိုက်မှု ရှိမရှိသတင်းများကို မသိရ​သေးပါ။

စစ်ကိုင်းတိုင်း ကသာမြို့နယ် ​ရွှေပြည်သစ်​ကျေးရွာဘက်တွင် ​ဒေသ PDF တပ်ဖွဲ့နှင့် စစ်​ကောင်စီတပ်တို့ ယမန်​နေ့ တိုက်ပွဲ ဖြစ်ခဲ့ရာ စစ်​ကောင်စီဘက်​သေဆုံးသူနှင့် ဒဏ်ရာရသူများရှိခဲ့သည်။ ယမန်​နေ့ တိုက်ပွဲတွင် KIA မှ ကသာ PDF ဘက်မှ ဝင်တိုက်ကူခဲ့သည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

စစ်​ကောင်စီ ဂျက်လေယာဉ်နှစ်စင်းမှ ပစ်ချသည့် ​လေယာဥ်ဗုံးများ ​ရွှေကူနှင့် ကသာမြို့နယ်ရှိ ကျေးရွာများအနီးကျ​ရောက်​ပေါက်ကွဲ​ စစ်​ကောင်စီ ဂျက်လေယာဉ်နှစ်စင်းမှ ပစ်ချသည့် ​လေယာဥ်ဗုံးများ ​ရွှေကူနှင့် ကသာမြို့နယ်ရှိ ကျေးရွာများအနီးကျ​ရောက်​ပေါက်ကွဲ​ Reviewed by THITHTOOLWIN on 22:20 Rating: 5

No comments:

Powered by Blogger.