ဝက်လက်မြို့မှာ ပစ်ခတ်မှုကြောင့်နှစ်ဦးသေဆုံး


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြပွဲမှာ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက နေတစ်ဆင့်သိရပါတယ်။

သေဆုံးခဲ့သူတစ်ဦးဟာ မှတ်ထိရွာက ဖြစ်ပြီးနောက်တစ်ဦးက မြို့ပေါ်က အသက်၄၀ ကျော်အမျိုးသားတစ်ဦးဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

ဒီကနေ့ မေလ ၂ ရက် ဝက်လက် မြို့က သပိတ်ဖြိုခွင်းမှုမှာ ကျည်ထိမှန်သူ ၇ ဦးခန့်ရှိတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုတွေအပြီးမှာ ဆန္ဒပြသူတွေဘက်ပြန်လည်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဝက်လက်မြို့မှာ ပစ်ခတ်မှုကြောင့်နှစ်ဦးသေဆုံး  ဝက်လက်မြို့မှာ ပစ်ခတ်မှုကြောင့်နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.