မူတြော်ခရိုင်အတွင်းသို့ အကြမ်းဖက်စစ်အုပ်စုမှရိက္ခာနှင့်အင်အားထပ်ဖြည့်သောကြောင့် တိုက်ပွဲဖြစ်ပွား


၂၁ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်

၂၀၂၁ခုနှစ် မေလ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုတို့သည် မူတြော်ခရိုင် လူသောမြို့နယ်အတွင်းရှိ ဒဘောစူးအထိနှင့် ၂၁ရက်နေ့တွင် ခိုးလိုတံတား တာခဲဒဲ အထိ ရိက္ခာများတင်ပို့မှု နှင့် လူအင်အားထပ်ဖြည့်မှုများ ပြုခဲ့ကြပါသည်။

ထိုသို့ လူအင်အားထပ်ဖြည့်မှုနှင့်ရိက္ခာများတင်ပို့မှုပြုရာတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် ရွာသူရွာသားများကိုတွေ့လျှင် သေနတ်ဖြင့် ပစ်ခတ်နေသောကြောင့် ဒေသခံရွာသူရွာသားများ ထိန့်လန့်ကြောက်ရွံ့၍ အခက်အခဲများစွာနှင့် ကြုံတွေ့ရကြောင်းကို ဒေသခံ ရွာသားတစ်ဦးဖြစ်သည့် စောဒဘောထူး က ပြောပြပါသည်။

ထို့ကြောင့်၂၀၂၁ ခုနှစျ မလေ ၂၁ရကျနေ့ နံနကျ ၇း၃၀ မိနစျခနျ့အခြိနျတှငျ အကွမျးဖကျစစျအုပျစုမှ စကခ - ၈၊ ခမရ - ၄၀၇ အဖွဲ့နှင့် ကေအဲန်ယူ - တပ်မဟာ ၅ တပ်ဖွဲ့ တို့သည် မထောရွာ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြကာ အကြမ်းဖက်စစ်အုပ်စု ဘက်မှ ၃ ဦးသေ ၁ ဦး ဒဏ်ရာရရှိပြီး ကားတစ်စီးလည်း ပျက်စီးခဲ့ပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

မူတြော်ခရိုင်အတွင်းသို့ အကြမ်းဖက်စစ်အုပ်စုမှရိက္ခာနှင့်အင်အားထပ်ဖြည့်သောကြောင့် တိုက်ပွဲဖြစ်ပွား မူတြော်ခရိုင်အတွင်းသို့ အကြမ်းဖက်စစ်အုပ်စုမှရိက္ခာနှင့်အင်အားထပ်ဖြည့်သောကြောင့် တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.