သီပေါမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအိမ်ပြင်ထွက်လျှင် သေနတ်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်နေ




သီပေါမြို့ ယနေ့ (မေ ၂)ရက် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီမှ ဖြိုခွင်းပြီး နေ့လည် (၁)နာရီနောက်ပိုင်း အိမ်ပြင်ထွက်သူ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ပြီးနောက် မြင်တွေ့ရသည့် မြင်ကွင်း 

မေ ၂ရက် ၂၀၂၁

သျှမ်းမြောက် သီပေါမြို့ ယနေ့ (မေ ၂)ရက် အကြမ်းဖက်စစ်ကောင်စီ အုပ်စု က  နေ့လည် ၁နာရီနောက်ပိုင်း  အိမ်ပြင်မထွက်ရန်လိုက်လံအော်နေပြီး အိမ်ပြင်ထွက်သူရှိပါက မည်သူမဆို ပစ်သတ်မှုဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

လက်ရှိမှာ သီပေါမြို့ပေါ်ရှိ ဆိုင်ခန်းများအားလုံးပိတ်လိုက်ရပြီး၊ စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုသပိတ် ကို အကြမ်းဖက်စစ်ကောင်စီ က သေနတ်ဖြင့် ဖြိုခွင်းကာ လူငယ်အများအပြား လက်ရှိအချိန်ထိ ပိတ်မိနေသေးကြောင်းသိရသည်။

ယနေ့ အကြမ်းဖက်စစ်ကောင်စီကြောင့် သီပေါလူငယ် (၁)ဦး သေနတ်ထိမှန် ကျဆုံးခဲ့ပြီး ၊ ဒဏ်ရာ ရသူ (၂)ဦးရှိရာ ထိုထဲမှ တဦးလည်း ဒဏ်ရာပြင်းထန်နေကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

သီပေါမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအိမ်ပြင်ထွက်လျှင် သေနတ်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်နေ သီပေါမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအိမ်ပြင်ထွက်လျှင် သေနတ်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်နေ Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.