ကွတ်ခိုင်တိုက်ပွဲတွင် အကြမ်းဖက် စစ်​ကောင်စီတပ်မှ အရာရှိနှင့်စစ် သည် ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ၊ ​မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီ၏လက်နက်ခဲယမ်းများ ဖမ်းမိ


ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့နယ် ယ​နေ့ MNDAA၊ KIA၊ TNLA ​မြောက်ပိုင်းမဟာမိတ်ပူး​ပေါင်းအဖွဲ့​များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်​များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် စစ်သည် ၃၀ ကျော်ကျဆုံးကာ လက်နက်ခဲယမ်းများ MNDAA ကိုးကန့် အဖွဲ့က သိမ်းဆည်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။ 

MNDAA ၏ ထုတ်ပြန်ချက်တွင် မေလ ၄ ရက်နေ့ ညနေပိုင်းတွင် KIA နှင့်စစ်ကောင်စီတပ်များ ကွတ်ခိုင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တပ်အင်အားရာနှင့်ချီ၍ အကြမ်းဖက်စစ်ကောင်စီမှ ရောက်ရှိလာကြောင်း၊ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့များက အကြမ်းဖက်စစ်ကောင်စီတပ်များကို ၀ိုင်းဝန်းပိတ်ဆို့ ပြီး တိုက်ခိုက်ကြောင်း၊ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၉ နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲ ၂ နာရီကြာ ပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီတပ်များ အကျအဆုံးများကာ လက်နက်ခဲယမ်းများ ဖမ်းမိခြင်းဖြစ်ကြောင်း သိရှိရသည်။

ကချင်သတင်းရင်းမြစ်တွင်မူ ရှမ်းမြောက်ကွတ်ခိုင်မြို့ အထက် မန့်ဘန် တွင် MDNAA ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီစစ်တပ် ခမရ-(၉) စစ်ကြောင်းတိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီ စစ်တပ်ဖက်မှ ဗိုလ်ကြီး (၁) ယောက် အပါအဝင် ၃၀ ကျော်ကျဆုံးသွားပြီးအများအပြားဒဏ်ရရှိသွားကြောင်း၊ စစ်ကောင်စီစစ်တပ်၏လက်နက်ခဲယမ်းမြောက်အများကိုလည်း MNDAA တပ်ဖွဲ့များသိမ်းဆည်းရရှိထားကြောင်း သတင်းဖော်ပြထားသည်။






Zalen

https://www.facebook.com/zalen.info/

ကွတ်ခိုင်တိုက်ပွဲတွင် အကြမ်းဖက် စစ်​ကောင်စီတပ်မှ အရာရှိနှင့်စစ် သည် ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ၊ ​မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီ၏လက်နက်ခဲယမ်းများ ဖမ်းမိ ကွတ်ခိုင်တိုက်ပွဲတွင် အကြမ်းဖက် စစ်​ကောင်စီတပ်မှ အရာရှိနှင့်စစ် သည် ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ၊ ​မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီ၏လက်နက်ခဲယမ်းများ ဖမ်းမိ Reviewed by THITHTOOLWIN on 07:40 Rating: 5

No comments:

Powered by Blogger.