ကမ်းထောင်းကြီးမြို့မီးလောင်၊ အိမ် ၁၄ လုံး ပျက်စီး



ရခိုင်ပြည်နယ် မြောက်ပိုင်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှာ မေလ ၂၀ ရက် ဒီကနေ့ မနက်ပိုင်း ၃ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၄ ဆောင် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ စာရေးဆရာ မောင်ချယ်ရီက အတည်ပြုပြောဆိုပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း နေအိမ် ၁၄ ဆောင်မှာ လုံးဝလောင်ကျွမ်းသွားခဲ့ပြီး နောက်ထပ်ငါးဆောင်ကတော့ တစ်ဝက်တစ်ပျက်လောင်ကျွမ်းသွားခဲ့ကာ မီးဘေးဒဏ်သင့်မိသားစုထဲက ကျား ၃၁ ဦး၊ မ ၃၇ ဦး၊ စုစုပေါင်း ၆၈ ဦးတို့ဟာ ဆွေမျိုးတွေရဲ့နေအိမ်တွေမှာ ယာယီခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

မီးစတင်လောင်ကျွမ်းခဲ့တာဟာ ကမ်းထောင်ကြီးမြို့ တောင်ပိုင်းရပ်ကွက်အတွင်းက မုန့်ရောင်းတဲ့နေအိမ်မှာ မနက်အရုဏ်တက်ချိန် ၃ နာရီကျော်မှာ မုန့်ကြော်ရန်တည်ထားတဲ့ ဆီအိုးကနေတစ်ဆင့်စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ မီးသတ်တပ်ဖွဲ့တည်ရှိတဲ့နေရာဟာ နှစ်မိုင်ခန့်ကွာဝေးပြီး မီးလောင်မှုဖြစ်စဉ်ကို နံနက် ၄ နာရီ ၅ မိနစ်မှ သတင်းရရှိတဲ့အတွက် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကမ်းထောင်းကြီးမြို့မှာ အိမ်ခြေသုံးထောင်ကျော်ရှိပြီး မြေပုံမြို့နဲ့အမ်းမြို့နယ်အကြားမှာ တည်ရှိတဲ့မြို့တစ်မြို့လည်း ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ကမ်းထောင်းကြီးမြို့မီးလောင်၊ အိမ် ၁၄ လုံး ပျက်စီး  ကမ်းထောင်းကြီးမြို့မီးလောင်၊ အိမ် ၁၄ လုံး ပျက်စီး Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.