ကနီတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၆၀ လောက် ထိခိုက်ကျဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြော

ကနီတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၆၀ လောက် ထိခိုက်ကျဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြော ကနီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ပြည်သူတွေကို ၂၀၂၁ မေ ၁၇ ရက်နေ့က တွေ့ရစဉ် / ဓာတ်ပုံ - ကင်းစံပြကျေးရွာ-ကနီမြို့နယ်

စစ်ကိုင်းတိုင်း ကနီမြို့နယ် မျှိုင်းရွာအနား မေ ၂၂ ရက် မနေ့က ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တို့ရဲ့တိုက်ပွဲမှာ စစ်ကောင်စီဖက်က အယောက် ၆၀ လောက် သေဆုံးခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖက်က တစ်ယောက်ကျဆုံးပြီး ဆယ်ယောက်လောက် ဒဏ်ရာရရှိခဲ့လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ပတ်သက်ပြီးတော့ RFA က သီးခြားအတည်ပြုလို့တော့ မရသေး ပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့စစ်ကား ၆ စီးကို မျိုင်းရွာအနားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကား ၂ စီး တိမ်းမှောက်သွားကာ အဲကားပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေ သေဆုံးတာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ ဒေသသုံးတူမီးသေနတ်တွေလွယ်ပြီး အရပ်သား အယောင်ဆောင်လာခဲ့တဲ့အကြောင်း၊ အရပ်သားလို့ထင်မှတ်ပြီး PDF အဖွဲ့တွေ အနားရောက်ကာမှ အရပ် သားအယောင်ဆောင် စစ်ကောင်စီတပ်တွေက ပစ်ခတ်တာကြောင့် PDF အဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရ တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့ပြီး တချို့မပေါက်ကွဲသေးတဲ့ ကျဉ်ဆန်တွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် စောင့်ကြည့်နေကြတဲ့ အခြေအနေရှိတယ်လို့ ပြောကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-council-and-pdf-fighting-in-kani-05232021051548.html

ကနီတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၆၀ လောက် ထိခိုက်ကျဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြော  ကနီတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၆၀ လောက် ထိခိုက်ကျဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြော Reviewed by THITHTOOLWIN on 19:29 Rating: 5

No comments:

Powered by Blogger.