သာကေတမှာ ညပိုင်းပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရ

အရပ်ဝတ်တွေနဲ့လူတွေက လိုက်လံဖမ်းဆီးမှုတွေရှိ

ရန်ကုန် သာကေတမြို့နယ်ထဲမှာ အခုညပိုင်းပေါက်ကွဲသံတွေဆက်တိုက်ဆိုသလို ကြားနေရကြောင်း သာကတေနေထိုင်သူတွေက ပြောပါတယ်။

ည ခုနှစ်နာရီကျော်က သာကေတ အမှတ် ၃ ဈေး အနီးမှာပေါက်ကွဲသံကြားခဲ့ရသလိုနောက်နာရီဝက်ခန့် အကြာမှာ ဂိတ်ဟောင်းမီးပွိုင့်အနီးမှာ ပေါက်ကွဲသံကြားခဲ့ရတယ်လို့လည်း သူတို့ကပြောပါတယ်။

အဲ့ဒီနောက် ဂိတ်‌ဟောင်းအနီးမှာ ည ၈နာရီကျော်က ထပ်မံပေါက်ကွဲသံကြားရကြောင်းသူတို့က ကပြောပါတယ်။

ဒီနေ့မနက်ကလည်း မနက ၅ နာရီကျော်လောက်မှာ ပေါက်ကွဲသံကြားရပြီး နှစ်ကြိမ်ခန့်ပေါက်ကွဲမှုတွေရှိခဲ့ပါတယ်၊

အဲ့ဒီနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ကပ်လျက် ၄တောင်ရပ်ကွက် အမှတ် ၄ အခြေခံပညာအလယ်တန်းကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ညနေပိုင်းမှာသာသနဝေပုလ္လဓမ္မာရုံထဲကို ပြောင်းရွှေ့တပ်စွဲတာတွေ့ရတယ် လို့ဆိုပါတယ်၊

သာကေတမှာ ဒီနေ့နေ့လယ်ပိုင်းက အရပ်ဝတ်တွေနဲ့လူတွေက လိုက်လံဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး လူ ၂၀ ခန့် အဖမ်းခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

သာကေတမှာ ညပိုင်းပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရ  သာကေတမှာ ညပိုင်းပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရ Reviewed by THITHTOOLWIN on 07:25 Rating: 5

No comments:

Powered by Blogger.