ကနီမြို့နယ်ထဲက ရွာတွေကို စစ်တပ်က ဝင်ရှာပြီး ဖမ်းဆီး



စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မုံရွာ- ယာကြီး-ကလေးဝလမ်းပေါ်က သလင်းကျေးရွာမှာ ဒီကနေ့ မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာထဲကို ဝင်ရောက် စစ်ဆေးမေးမြန်းတာတွေ ရှိလို့ ရွာခံအများစု တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သလင်းကျေးရွာက ဒေသခံ ၃ ဦးကို ဖမ်းဆီ းခေါ်ဆောင်သွားခဲ့တယ်လို့လည်း သူတို့ကပြောပါတယ်။

သလင်းကျေးရွာဟာ ယာကြီးအုပ်စုပိုင် ကနီမြို့နယ်ထဲမှာ ပါဝင်ပါတယ်။

ယာကြီးကျေးရွာကိုလည်း စစ်ကားအစီး ၂၀ နဲ့အတူ လမ်းရှင်းတဲ့ကား အပါအဝင် ကားအစီး ၃၀ ကျော်နဲ့ ရောက်လာပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

ကနီမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ချင်းတွင်းမြစ်အတွင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေက ရွာတွေကို ဝင်ရောက် ရှာဖွေမှုတွေ လုပ်နေတာဖြစ်ပြီး‌ ရွာခံအများစု တိမ်းရှောင်နေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ကနီမြို့နယ်ထဲက ရွာတွေကို စစ်တပ်က ဝင်ရှာပြီး ဖမ်းဆီး ကနီမြို့နယ်ထဲက ရွာတွေကို စစ်တပ်က ဝင်ရှာပြီး ဖမ်းဆီး Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.