လဲချားမြို့ ရဲလင်မယားရန်ဖြစ်၊ ရဲတပ်ကြပ် ကိုယ့်ကိုယ်ကို သတ်သေ


မေ ၂၄ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ ရဲစခန်းအတွင်း ရဲတပ်ကြပ်လင်မယား ရန်ဖြစ်ရာ၊ ရဲတပ်သား သေဆုံးခဲ့ပြီး၊ အမျိုးသမီး ဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေ (၂၂)ရက် ည (၉)နာရီ တွင် လဲချားမြို့ရဲစခန်းတွင် နေထိုင်သည် တပ်ကြပ်အဆင့်ရှိ ရဲ လင်မယား နှစ်ဦး ရန်ဖြစ်ရာ၊ အမျိုးသားဖြစ်သူက စပြီး အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် ၎င်းသည် ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း လဲချားဒေသခံ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ရဲလင်မယား (၂)ဦး ရန်ဖြစ်ပြီး ယောင်္ကျားဖြစ်သူက မိန်းမကို သေနတ်နဲ့ ပစ်လိုက်တယ်။ နောက် ကိုယ့်ကိုယ်ကိုလည်း ပြန်ပစ်တယ်။ အမျိုးသားရဲဖြစ်သူကတော့ သေသွားတယ်။ သူ့မိန်းမကတော့ ရင်ထိသွားတယ်။ မသေဘူး။ ဆေးကုနေတယ်” ဟု လဲချားဒေသခံ က ပြောသည်။

ကိုယ့်ကိုယ်ကို သေနတ်ပစ်သတ်သေဆုံးသွားသည့် ရဲတပ်ကြပ်သည် အသက် (၃၅) ဝန်းကျင်ခန့်ရှိပြီး၊ ကျည်ထိမှန်သည့် ၎င်း၏ အမျိုးသမီးးသည် လွိုင်လင်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

လဲချားမြို့ ရဲလင်မယားရန်ဖြစ်၊ ရဲတပ်ကြပ် ကိုယ့်ကိုယ်ကို သတ်သေ လဲချားမြို့ ရဲလင်မယားရန်ဖြစ်၊ ရဲတပ်ကြပ် ကိုယ့်ကိုယ်ကို သတ်သေ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.