တောင်ကြီးမြို့ ကြံခိုင်ရေးရုံးအနီး ပေါက်ကွဲမှုဖြစ်


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကြံ့ခိုင်းရေးရုံးအနီးတွင် ယနေ့ (မေ ၂၄)  ရက် ညနေ ၃ နာရီခွဲအချိန်တွင်  ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

“ ကြံ့ခိုင်ရေရုံးရှေ့မှာ ရဲတွေကားတွေ ကြိုးတားပြီးတော့မှ ပိတ်ထားပါတယ်။ အဲနေရာမှာ ကွဲသွားတာပါ။ ကျနော်အခုမှ အဲရှေ့ကနေ ဖြတ်လာတာပါ” ဟု တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူ တစ်ဦး ကပြောသည်။ 

အဆိုပါ ကြံ့ခိုင်ရေရုံးရှေ့တွင် ယနေ့ မနက် (၁၀ ) နာရီ အချိန်တွင် အိတ်အမဲလာရောက်ပစ်ထားကြောင်း သိရသည်။ 

“ ဒီနေ့မနက်ပိုင်းမှာ အဲရှေ့မှာ အိတ်အမဲနဲ့လာပစ်ထားတာတော့တွေ့တယ်။ ၁၀ နာရီဝန်းကျင်လောက်ဖြစ်မယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိဘူး” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

အလားတူ တောင်ကြီးမြို့ မေ ၂၀ ရက်နေ့တွင် မြို့မဈေးရှေ့တွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်ဝတ်ရဲ (၂)  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ ကြံခိုင်ရေးရုံးအနီး ပေါက်ကွဲမှုဖြစ် တောင်ကြီးမြို့ ကြံခိုင်ရေးရုံးအနီး ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.