ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအပ်နှံမှုပထမရက်တွင် အပ်နှံသူ ၁,၇၉၆ ဦးရေရှိ



Share/Bookmark

ချင်းပြည်နယ်တွင်  ဖွင့်လှစ်ရန်ပြင်ဆင်ထားသော ကျောင်းအပ်နှံရေးပထမရက် ယနေ့ မေလ ၂၄ ရက်တွင် ကျောင်းသားအပ်နှံသူ ဦးရေ ၁,၇၉၆ ယောက်ရှိကြောင်းပြည်နယ်ပညာရေးမှုးထံမှသိရသည်။

  "စာရင်းချုပ်ကတော့ ချင်းပြည်နယ် ၇မြို့နယ်အတွင်း မူဆင့်က ၉၆၆ ယောက်၊ လယ်ဆင့်က ၆၆၂ ယောက်၊ ထက်ဆင့်က ၁၆၈ ယောက်၊ ဒီနေ့တော့ သိပ်လာမအပ်ကြသေးဘူးထင်တယ်။ ကျောင်းအပ်နှံတဲ့ရက်က ခုမေလ ၃၁ ရက်ထိဆိုဝောာ့၊ နေ့တိုင်းနေ့တိုင်း အဲ့လို အပြောင်းလဲတော့ ရှိမှာပေါ့နော်၊ဟားခါးပညာရေးဘက်ပို့တာကတော့ KG မှာ ၄‌ ယောက်၊ ပထမတန်းက ၄ ယောက်၊ ဒုတိယတန်း ၄ ယောက်၊ တတိယ‌တန်း ၂ ယောက်၊ စတုတ္ထတန်းမှာက ၁၁ ယောက် စုစုပေါင်း မူဆင့်က ၂၅ ယောက်။ လယ်ဆင့်မှာတော့ ဆဌမတန်းမှာ ၁ ယောက်ပဲ ရှိတယ်၊ ပြီးရင် ၉ တန်းနှင့် ၁၀ တန်းမှာ တစ်ယောက်စီပဲ အဲ့ဒီတော့ စုစုပေါင်းက ၂၈ ယောက်ပေါ့နော် ဟားခါးမြို့မှာ၊ဖလမ်းမြို့နယ်မှာ လာအပ်တဲ့သူက စုစုပေါင်း မူဆင့် ၂၄၄ ယောက်၊ လယ်အဆင့်က ၁၆၈ ယောက်ပေါ့နော်၊ လယ်ဆင့် ဆိုတာက ၅၊ ၆၊ ၇၊ ၈ ပေါ့နော်။ အဲဒါကတော့ ဖလမ်းမြို့နယ်ပေါ့။ တစ်ခြားမြို့နယ်တွေမှာတော့ တီးတိန်မှာဆို မူဆင့်က ၁၅၆ ယောက်၊ လယ်ဆင့်က ၄၂ နောက် ထက်ဆင့်က တစ်ယောက် မှ မရှိဘူး။ တွန်းဇံမြို့က မူဆင့်မှာ ၁၀၇ ယောက်၊ လယ်ဆင့်က ၈၅ ယောက်၊ ထက်ဆင့်က ၁၃ ယောက် အဲ့လိုတွေ ရှိတယ်။ ပို့တဲ့ထဲမှာ သူတို့မိဘနာမည်တွေ မပါဘူးဆိုတော့ ဘယ်သူ့သားသမီး ဆိုတာကိုတော့ မသိဘူးပေါ့နော်။" ဟု ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူးထံ သိရသည်။

    ချင်းပြည်နယ်တွင် စစ်ကောင်စီဘက်မှ အာဏာမသိမ်းခင် ကျောင်းဆရာ/ဆရာမ အင်အားမှာ ခန့်မှန်းခြေ စုစုပေါင်း ၁၃,၀၀၀ ၀န်းကျင် ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝင်ထားသော ဆရာ/ဆရာမစာရင်းမှာ ကန်ပလက်နှင့်မင်းတပ်မြို့တို့၏ စာရင်းမရနိုင်၍ ကျန်သောမြို့၏ CDM ဝင်ထားသူ စာရင်းမှာခန့်မှန်းခြေ ၇,၀၀၀ နီးပါးခန့်ရှိသည်။ ချင်းပြည်နယ်အတွင်း CDM ဝင်သော ဆရာ/ဆရာမမှာ ဟားခါးမြို့မှ အများဆုံးဖြစ်ကြောင်းလည်းသိရသည်။

ယခု ကျောင်းအပ်နှံနေကြသော နာမည်စာရင်းများမှာ ချင်းပြည်နယ်က ၉ မြို့နယ်လုံးမဟုတ်ပဲ ၇ မြို့နယ်မှ စာရင်းများသာဖြစ်ပြီး မင်းတပ်မြို့နှင့် ကန်ပလက်မြို့တို့ မပါကြောင်းသိရသည်။ ယင်းမြို့နယ်များအတွင်း အခြေအနေမှာ မြို့တွင်းသို့ မဝင်ရဲသည်အထိ ဖြစ်နေကြောင်းလဲ သိရသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853/



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ