ပလက်ဝမြို့ပေါ်တွင် ဗုံး၂ လုံး နေရာ ၁ နေရာစီတွင် ပေါက်ကွဲမှုဖြစ်


ချင်းပြည်နယ် ပလက်ဝမြို့ ပေါ်တွင်  မေလ ၂၈ ရက်နေ့ ဒီကနေ့ မနက်တွင်  ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက ` ဒီနေ့မနက် (7) နာရီကျော်လောက်မှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ် ပေါက်ကွဲတဲ့အချိန်ကလည်း ရှေ့စဥ့်နောက်စဥ့်ပါဘဲ ဗုံးပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရရှိ သူရှိတယ်လို့တော့ မသိသေးဘူး"ဟုပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ မြို့နယ်များတွင်  ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိခဲ့ပြီး ပလက်ဝမြို့တွင် အာဏာသိမ်းပြီး နောက် ပထမဆုံး ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

ပလက်ဝမြို့ပေါ်တွင် ဗုံး၂ လုံး နေရာ ၁ နေရာစီတွင် ပေါက်ကွဲမှုဖြစ် ပလက်ဝမြို့ပေါ်တွင် ဗုံး၂ လုံး နေရာ ၁ နေရာစီတွင် ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.