ပုဂံမြို့သစ်က ဒေသခံတစ်ဦးနေအိမ် အတွင်းသေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

 ပုဂံမှာ မေလ ၃ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး ဒေသခံပြည်သူ ၁၀၀ ကျော် စုပေါင်းပြီး ဆန္ဒပြ

မေလ ၃၀ ရက့် မနက်ပိုင်းက ပုဂံမြို့သစ်က ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်တွေဝင်ရောက် ဖမ်းဆီးရာမှာ ဒေသခံ ကိုမိုးမြင့်အောင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ကိုမိုးမြင့်အောင်ဟာ သတင်းမှားပေးခံရတာဖြစ်ပြီး ကိုယ်ဝန် ၃ လနဲ့ ဇနီးသည်ကျန်ခဲ့တဲ့အကြောင်း မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သတင်းရလို့ သူတို့လာရှာတော့ အိမ်ခန်းတံခါးပိတ်လိုက်တာကို တံခါးဖွင့်ပြီးပစ်လိုက်တာဖြစ်ပြီးတော့ ပစ်ပီးကားပေါ်ကို တင်သွားကြောင်းနဲ့ လူငယ် လေးဦးဖမ်းဆီးထိန်းသိမ်းခံရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ပုဂံမြို့သစ်က ဒေသခံတစ်ဦးနေအိမ် အတွင်းသေနတ်နဲ့ ပစ်ခံရပြီး သေဆုံး  ပုဂံမြို့သစ်က ဒေသခံတစ်ဦးနေအိမ် အတွင်းသေနတ်နဲ့ ပစ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.