ထီးလင်းမြို့တွင် စစ်တပ်နှင့်ဒေသခံများ တိုက်ပွဲဖြစ် အကြမ်းဖက် ၄ ဦးသေ၊ ပြည်သူ ၃ ကျဆုံး


မကွေးတိုင်း ထီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသခံပြည်သူများ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၃ ဦးနှင့် စစ်ကောင်စီဘက်မှ ၄ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများက ပြောသည်။ 

ထီးလင်းမြို့နယ်၊ ပညာရေးမှူးရုံးတွင် မေ ၃ နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့သော လက်လုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထီးလင်းမြို့မှ ၁၅ မိုင်ခန့်အကွာရှိ ထန်းပင်ကုန်းရွာသို့ ရဲနှင့် စစ်တပ်က လာရောက်ရှာဖွေရာတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

"ထီးလင်းမြို့မြောက်ဘက်ကို ပြေးတယ်ဆိုပြီး အဲဒီရွာ (ထန်းပင်ကုန်း) ဘက်ကို ပုန်းတယ်ဆိုပြီး တိုက်ပွဲဖြစ်ကြတာပေါ့။ (တိုက်ပွဲက) မနက်က ၈ နာရီပတ်ဝန်းကျင်ပေါ့။ ပစ်ခတ်မှုက ၁၀ နာရီလောက်မှာ ပြီးသွားတယ်" ဟု အမည်မ‌ဖော်လိုသည့် ထီးလင်းမြို့ခံတစ်ဦးက ပြောသည်။ 

လက်ရှိတွင် စစ်ကောင်စီဘက်က စစ်သား ၄၀ ခန့်ဖြင့် အင်အားထပ်မံဖြည့်တင်းထားပြီး ထီးလင်းမြို့နယ်ထွေအုပ်ရုံး၌ တပ်စွဲထားသည်ဟု သိရသည်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးမီဒီယာက ထီးလင်းတိုက်ပွဲတွင် ပြည်သူ့တပ်ထံမှ ဆိုင်ကယ် ၆ စီး၊ တူမီး သေနတ် ၂ လက်သိမ်းစည်းရပြီး စစ်ကား ၂ စီး ပျက်ဆီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိပြီး အသေအပျောက်မရှိဘူးလို့ မနေ့က ကြေညာပါသည်။ 

လွန်ခဲ့သည့်တစ်လခန့်က ထန်းပင်ကုန်းရွာတွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ညသပိတ်ပြုလုပ်နေစဉ် စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲရာ ရွာသားတစ်ဦး သေဆုံးခဲ့သည်။


Zalen

https://www.facebook.com/zalen.info/

ထီးလင်းမြို့တွင် စစ်တပ်နှင့်ဒေသခံများ တိုက်ပွဲဖြစ် အကြမ်းဖက် ၄ ဦးသေ၊ ပြည်သူ ၃ ကျဆုံး ထီးလင်းမြို့တွင် စစ်တပ်နှင့်ဒေသခံများ တိုက်ပွဲဖြစ် အကြမ်းဖက် ၄ ဦးသေ၊ ပြည်သူ ၃ ကျဆုံး Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.