လောင်းလုံမှာ ရွာသားနှစ်ဦး ပစ်သတ်ခံရ


မင်းရပ်ရွာသား အသက် ၂၄ နှစ်အရွယ် ကိုဇော်ငြိမ်းတင့်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က ရွာသားနှစ်ယောက် စစ်သားတွေရဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ကြတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေထံက တစ်ဆင့်သိရပါတယ်။

မေလ ၂ ရက် ည ၁၀ နာရီလောက်က လောင်းလုံးမြို့နယ် မင်းရပ်ရွာသား အသက် ၂၄ နှစ်အရွယ် ကိုဇော်ငြိမ်းတင့်ကို ရွာကင်းစခန်းအနီးမှာ ပစ်ခတ်ပြီး သူဆိုင်ကယ်ရော သူ့ကိုပါ စစ်ကားပေါ် တင်သွားခဲ့ပြီးနောက်အလောင်းကိုတော့ မေလ ၄ ရက်အင်္ဂါနေ့ စစ်ဆေးရုံမှာလာယူဖို့ မိသားစုကိုပြောတယ်လို့ သိရပါတယ်။

မေလ ၂ ရက်နေ့ညက ကိုဇော်ငြိမ်းတင့်ကို စစ်သားတွေ ပစ်ခတ် ကန်ကျောက် နေတာကို ကိုယ်တိုင်မြင်ခဲ့ရတဲ့ သူ့သူငယ်ချင်း တစ်ဦးကပြောပါတယ်။

မေလ ၁ ရက်နေ့ မနက်ပိုင်းက ရော်ဘာခြစ်ပြီး ပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ် ရော်ဘာခြံအလုပ်သမားစစ်ပြဲ ရွာသား ကိုအောင်သူကိုလည်း စစ်သားတွေက ပစ်ခတ်ပြီး သူ့ကိုရာ သူ့ဆိုင်ကယ်၊ ရော်ဘာပြားတွေကိုပါ အားလုံးစစ်ကားနဲ့ တင်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

အလောင်းကိုတော့ ပိုင်ရှင်မဲ့ အနေနဲ့ သဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

လောင်းလုံမှာ ရွာသားနှစ်ဦး ပစ်သတ်ခံရ လောင်းလုံမှာ ရွာသားနှစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 07:39 Rating: 5

No comments:

Powered by Blogger.