မြန်မာ အလှမယ် သူဇာဝင့်လွင် အမေရိကန်မှာ ခိုလှုံခွင့်ရရှိ

သူဇာဝင့်လွင်ရဲ့ ချင်း ရိုးရာ ဝတ်စုံနဲ့ ယှဉ်ပြိုင်မှု။ ဆန္ဒပြပွဲ တခုရောက် သူဇာဝင့်လွင်။

နယူးရော့ခ်၊ မေ ၂၆၊ ၂၀၂၁

မြန်မာ အလှမယ် သူဇာဝင့်လွင် (Miss Universe Myanmar) အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် ရရှိကြောင်း သတင်း ရပါတယ်။

အခုလို ခိုလှုံခွင့်ရရှိဖို့ နဲ့ နယူးရော့ခ် မြို့ရှိ မော်ဒယ်လ် အေဂျင်စီ တခုမှာ အလုပ်လုပ် ရဖို့အတွက် သူ့ကို အမေရိကန်ရောက် မြန်မာ အသိုင်းအဝိုင်းက အကူအညီ ပေးကြခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းတွေမှာလည်း ဖော်ပြပါတယ်။

သူဇာဝင့်လွင် အလုပ်လုပ်ရမှာကတော့ JEM Model Agency ဖြစ်ပြီး မကြာခင် နိုင်ငံတကာ ဖက်ရှင်ရှိုးတခု ကျင်းပဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

အလှမယ် သူဇာဝင့်လွင် ဟာ မေလ ၁၇ ရက်က အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် ဟောလိဝုဒ်ရှိ Seminole Hard Rock Hotel & Casino မှာ ကျင်းပတဲ့ ၂၀၂၁ ခုနှစ် မယ်စကြဝဠာ (Miss Universe) ပြိုင်ပွဲကြီးရဲ့ စင်မြင့်ထက်ကနေ Pray for Myanmar “မြန်မာနိုင်ငံ အတွက် ဆုတောင်းပေးပါ”ဆိုတဲ့ စာတန်းတစ်ခုကို ကိုင်ဆောင်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ထုတ်ဖော်ခဲ့တာကြောင့် မိခင်နိုင်ငံကို ပြန်လာဖို့ အခက်အခဲ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

သူဇာဝင့်လွင်ဟာ အဲဒီ မယ်စကြဝဠာ (Miss Universe) ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယာဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး အမျိုးသား ဝတ်စုံ ယှဉ်ပြိုင်မှု (National Costume Competition) မှာ ချင်း တိုင်းရင်းသား ရိုးရာဝတ်စုံ နဲ့ အကောင်းဆုံး ဆု ရရှိခဲ့သူ ဖြစ်ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြန်မာ အလှမယ် သူဇာဝင့်လွင် အမေရိကန်မှာ ခိုလှုံခွင့်ရရှိ မြန်မာ အလှမယ် သူဇာဝင့်လွင် အမေရိကန်မှာ ခိုလှုံခွင့်ရရှိ Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.