တောင်ဒဂုံ ရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦး ဒဏ်ရာရ



Share/Bookmark

တောင်ဒဂုံ ရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦး ဒဏ်ရာရ ရန်ကုန်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် /Photo: AFP

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ ဒီနေ့မနက်ပိုင်း Bluetooth အသံချဲ့စက်ကနေ ဗုံး နှစ်လုံး ပေါက်ကွဲခဲ့ပြီး ရဲတပ်သားတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၀ မနက် ၇ နာရီလောက်က တောင်မြောက်လမ်းဆုံနားက ရဲစခန်းအနားမှာ Bluetooth အသံချဲ့စက်နဲ့ သီချင်းဖွင့်ထားတဲ့နေရာကို ရဲတစ်ယောက်က သွားကြည့်တာကနေ ပေါက်ကွဲခဲ့တာကြောင့် ပေါင်နဲ့လက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရဲတပ်သား ဒီည​နေမှာ ​သေဆုံးသွားပြီလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ သူ​သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မနက်ပိုင်းမှာပဲ စည်ပင်လမ်းက အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာလည်း Bluetooth အသံချဲ့စက်ကနေ ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် လူထိခိုက်ခဲ့တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလည်း ရှိခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ်ဟာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ ၂၀ ကျော်ရှိပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/south-dagon-police-injured-during-bomb-blust-05202021085413.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ