မိုးဗြဲ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက် ၁၅ဦးသေဆုံး





ဒီကနေ့ မိုးဗြဲမှာ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၁၅ဦး သေဆုံး တယ်လို့ တိုက်ပွဲမှာပါဝင်သူတစ်ဦးက ကန္တာရဝတီတိုင်းမ်ကို အတည်ပြုပြောပါတယ်။

PDFနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ ဘက်က ကျဆုံးသူမရှိဘဲ  ၆ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး က စိုးရိမ်ရတယ်လို့ သိရပါတယ်။ PDFနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဘက်က မိုးဗြဲ ရဲစခန်းကို မွန်းလွဲ၁နာရီခွဲမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မိုးဗြဲရဲစခန်းမှာ လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ဦး ကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

မိုးဗြဲ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက် ၁၅ဦးသေဆုံး မိုးဗြဲ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက် ၁၅ဦးသေဆုံး Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.