တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား


သျှမ်းသံတော်ဆင့်၊ မေ ၃၁

တောင်ကြီးမြို့တွင် ယမန်နေ့( မေ ၃၀) ရက် မနက်ပိုင်းတွင် ၂၁၂ ဆက်သွယ်ရေးတပ် တပ်ထဲ၌  စစ်သားများ အချင်းချင်း အငြင်းပွား စကားများကြပြီး ပစ်ခတ်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်တွင်ရှိသော ၂၁၂ တပ်အတွင်း စစ်သားနှစ်ဦးသည် အချင်းချင်း စကားများကြပြီး တစ်ဦးက အနီးရှိ ဓါးဖြင့် ခုတ်မှု ပြုလုပ်ပြီး၊ တခြား စစ်သားက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသည့် ၂၁၂ ဈေးအနီး တွင် နေထိုင်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

 "ပြည်သူကဝင်လုပ်တယ်ဆိုတာက သတင်းအမှားပါ၊ သူတို့ တပ်ထဲ ကတုတ်ကျင်းတူးနေကြရင်း နဲ့ အချင်းချင်း စကားများရာကနေ တစ်ယောက်က ဓါးနဲ့ ခုတ်လိုက်တာ။ အခုတ်ခံရတဲ့သူက ဘယ်ဖက် လက်မောင်းမှာ ဒဏ်ရာရသွားပြီးတော့ ဓါးနဲ့ ခုတ်သူကို သေနတ်နဲ့ ပြန်ပစ်ကြတာ”  ဟု ၎င်း က ပြန်ပြောပြသည်။

ယခုရက်ပိုင်း တောင်ကြီးမြို့ ပေါ်တွင် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားပြီး၊ ၂၁၂ တပ်အနီးတဝှိက်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် တပ်ထဲတွင် ကတုတ်ကျင်းများ တူးရာ စစ်သားအချင်းချင်း စကားများ သေနတ်ပစ်ဖောက်သည့် အထိ ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သည့် မေလ ၂၇ ရက်တွင်လည်း ဆက်သွယ်ရေးတပ် (၂၁၂)အရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 ဆက်သွယ်ရေး ၂၁၂ တပ်ရှေ့တွင် ဖြတ်သန်းသွားသည့် ပြည်သူများ ကို စစ်ကောင်စီ အုပ်စုက စစ်ဆေးမှု ပြုလုပ်ပြီး၊ ပြည်သူများပါလာသည့် ဖုန်းများကိုလည်း စစ်ဆေးကာ ဖမ်းဆီးမှု ပြုလုပ်နေကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.