လေယာဥ်ဖြင့်အချင်းချင်း မှားယွင်းပစ်ခတ်၍ စစ်​ကောင်စီလက်နက်ကိုင်စစ်သား ၃၀ကျော်​သေ၊ ၈၀​ကျော် ​ဒဏ်ရာရ




May 7 - Kachinwaves 

မိုးမောက်မြို့နယ် တိုက်ပွဲတွင် ​မေ ၆ရက်​နေ့က စစ်သားတစ်ရာကျော်ပါသည့် စစ်ကောင်စီလက်နက်ကိုင်စစ်ကြောင်းအား အချင်းချင်းလေယာဥ်ဖြင့် မှားယွင်းပစ်ခတ်မိသည့်အတွက်  စစ်သားအယောက် ၃၀ကျော် သေဆုံးပြီး ၈၀ကျော် ဆေးကုသမှုခံယူနေရကြောင်း ​ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူကပြောသည်။

စစ်ကောင်စီလက်နက်ကိုင်တပ်များ မေ ၆ရက်နေ့တွင် နေရာသုံးနေရာ၌ တိုက်ခိုက်ခံရပြီး စစ်သားအယောက်နှစ်ရာကျော် ဒဏ်ရာရကာ သေဆုံးသွားသူများလည်း အများအပြားရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မိုးညှင်းရထားလမ်းဘက် ‌တောင်နီမှာလည်း မြစ်ကြီးနားဘက်ကို တက်လာတဲ့ စစ်ကောင်စီလက်နက်ကိုင်ကား​တွေ (အ‌ဝေးထိန်း)ရီမုတ်မိုင်း တိုက်ခိုက်ခံရပြီး တော်တော်များများ ထိခိုက်ဒဏ်ရာရကြတယ်။ ရွှေကူမှာလည်း သင်္ဘောနှစ်စီး ပစ်ခံရတယ် အဲ့မှာလည်း တော်တ်ောများများ ထိခိုက်ဒဏ်ရာရကြတယ် သေဆုံးတဲ့သူလည်း ရှိတယ်။  မိုးမောက်မှာလည်း သူတို့အချင်းချင်း ​လေယာဥ် နဲ့ ပစ်ခတ်မိလို့ ၃၀ကျော် သေတယ်  ၈၀ကျော် ဆေးကုနေရတယ်"ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယနေ့လည်း မိုးမောက်မြို့နယ်ရှိ စ​လောင်းကုန်း နှင့် အလောဘွမ်ဘက်တွင် စစ်ကောင်စီလက်နက်ကိုင်များက လေယာဥ်ဖြင့် လာ​​ရောက်ပစ်ခတ်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews/  

လေယာဥ်ဖြင့်အချင်းချင်း မှားယွင်းပစ်ခတ်၍ စစ်​ကောင်စီလက်နက်ကိုင်စစ်သား ၃၀ကျော်​သေ၊ ၈၀​ကျော် ​ဒဏ်ရာရ လေယာဥ်ဖြင့်အချင်းချင်း မှားယွင်းပစ်ခတ်၍ စစ်​ကောင်စီလက်နက်ကိုင်စစ်သား ၃၀ကျော်​သေ၊  ၈၀​ကျော် ​ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.