သျှမ်းပြည် ပင်လုံ နှင့် မူဆယ် ဗုံးပေါက်ကွဲမှုဖြစ် တဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိ


မေ (၂၈) ရက် ၂၀၂၁

သျှမ်းတောင် ပင်လုံနှင့် သျှမ်းမြောက် မူဆယ်မြို့တွင် ယနေ့( မေ ၂၈)ရက် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ပြီး၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးရှိ လားရှိုးဆေးဆိုင် အနီး မနက် (၈း၁၅) မိနစ်ခန့်က ဗုံး တစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တစ်စီး မီးလောင်ကာ အသက် (၁၈) နှစ် အရွယ် လူငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် စည်ပင်ဝန်ထမ်းဖြစ်ပြီး ဒဏ်ရာ ရရှိသူ (၃) ဦးသည် ဆေးဆိုင်တစ်ခုက ဝန်ထမ်းဖြစ်ကြောင်း မူဆယ်ဒေသခံများက ပြော သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အသံတအားကျယ်တယ်။ အိမ်တောင်တုန်တယ်။ ဗုံးပေါက်တဲ့ ပတ်ဝန်းကျင်နားက အိမ်တွေလည်း နည်းနည်းပျက်စီးသွားတာရှိတယ်။ အိမ်တွေ ထိခိုက်သွားတာပေါ့နော်။” ဟု မူဆယ်ဒေသခံ တစ်ဦး ကပြောသည်။

ထိုနည်းတူ ယနေ့  နေ့လည် ၃ နာရီခွဲကျော်တွင်လည်း သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ အမှတ် (၂) အခြေခံ ပညာအလယ်တန်းကျောင်းခွဲ ဝန်းအတွင်းလည်း ဗုံး (၂) လုံးပေါက်ကွဲ သံကြားရကြောင်း ဒေသခံများကပြောဆိုကြသည်။

“ဗုံးပေါက်တဲ့ နေရာက စစ်တပ်နဲ့ နီးတယ်။ တစ်ချို့ပြောတာတော့ ဗုံးက မပေါက်လို့ ရှင်းလင်းရေးတွေ့ လာခွဲတယ်လို့ ပြောတယ်” ဟု ပင်လုံ ဒေသခံများက ပြောဆိုကြသည်။

မေ (၂၆) ရက် နှင့် (၂၇) ရက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းရယ်မြို့ရှိ အထက စာသင်ကျောင်း အနီးတွင်လည်း ဗုံးများ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက်သတ္တပတ်အတွင်း သျှမ်းပြည်တွင်းရှိ  မြို့များ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း မည်သည့်အဖွဲ့ လာရောက်ဖောက်ခွဲသည်ကို မသိရှိရကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

သျှမ်းပြည် ပင်လုံ နှင့် မူဆယ် ဗုံးပေါက်ကွဲမှုဖြစ် တဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိ သျှမ်းပြည် ပင်လုံ နှင့် မူဆယ် ဗုံးပေါက်ကွဲမှုဖြစ် တဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.